ခရမ်းချဉ်သီးဒလှိမ့်ထိုးချက်

1

ခရမ်းချဉ်သီးမှည့်မှည့်............၅ဝကျပ်သား

ကြက်သွန်နီ........................၂လုံး

ကြက်သွန်ဖြူ........................ ၁၀တက်

ငရုတ်ပွခြောက်တောင့်........... ၁၀တောင့်

မျှင်ငါးပိ..............................၁ဇွန်း

ငရုတ်ခြောက်တောင့်ကိုရေနွေးလေးစိမ်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့နှင့်အတူညှက် နေအောင်ရောထောင်းပါ။

ခရမ်းချဉ်သီးကိုခပ်ကြမ်းကြမ်းလှီးထားပါ။

မျှင်ငါးပိကိုရေနွေးလေးဖြင့်ဖျော်ထားပါ။

ဒယ်အိုးတစ်လုံးအောက်ခြေမှာထောင်းထားသောအရောကိုထည့်ပြီးနနွင်းမှုန့်၊အရောင်တင်မှုန့်အနည်းငယ်ထည့်ပါ။

ခရမ်းချဉ်သီး တွေကိုအပေါ်မှဖြန့်အုပ်ပါ။ဒယ်အိုးပတ်ပတ်လည်ကိုဆီဖြန့်ထည့်ပါ။

အဖုံးပိတ်ပြီးမီးရှိန်အေးအေးမှာစတင်ချက်ပါ။

ပထမတစ်ကြိမ်ရေခမ်း၊ဆီပြန်ချိန်ကိုအချိန်ယူပြီးစောင့်နေပါ။

ရေခမ်း၊ဆီပြန်လာပြီဆိုလျှင်ခရမ်းချဉ်သီးအဖတ်တွေကြေအောင်သစ်သားယောင်းမလေး ဖြင့်ဖိချေပြီးလှိမ့်ပေးပါ။

ရေအနည်းငယ်ဖြည့်စွက်ပြီးအဖုံးပြန်ပိတ်ထားပါ။

ရေခမ်းလာလျှင်ပထမအကြိမ်အတိုင်းပြုလုပ်ပါ။

ရေအများကြီးထည့်မိပါကခရမ်းချဉ်သီးတွေက အဖတ်လိုက်နူးအိသွားမျိုးဖြစ်တတ်ပါတယ်။

ဆီလေးနဲ့လှိမ့်ပြီးချက်ပါကခရမ်းချဉ်သီးအခွံနဲ့အသားတွေကသီးသန့်စီကွဲထွက်ပါသည်။ ခရမ်းချဉ်သီးအခွံအလိပ်ဖတ်လေးတွေကိုဖယ်ရှားပါ။

နောက်ဆုံးအကြိမ်မှာ ရေဖျော်ထားတဲ့မျှင်ငါးပိအရည်လေးလောင်းပြီးရေခမ်း၊ဆီပြန်လာအောင်ပြန်ချက်ပေးပါ။

အငံ၊ အစပ်၊ အချဉ် သင့်တင့်မျှတတဲ့ခရမ်းချဉ် သီးဒလှိမ့်ထိုးချက်လေးကိုမုန်ညှင်းဖူးပြုတ်၊ ဗူးရွက်ပြုတ်၊ မျှစ်ပြုတ်၊တမာချဉ်တို့နှင့်တွဲဖက်လိုက်ရင်ဖြင့်ဆွေမျိုးမေ့ပါပဲ။

— with Aye Chan Thar.

Credit : Facebook Shares

Ingredients

Directions