ရှမ်းကော်ရည်ခေါက်ဆွဲ

1

ရှမ်းခေါက်ဆွဲကိုရှမ်းပြည်ဘက်မှာတော့ကော်ရည်နဲ့စားလေ့မရှိကြဘူး ။မန္တလေး၊ရန်ကုန်ဘက်မှာတော့ကော်ရည်နဲ့စားလေ့ရှိကြတယ်။ဒီလုပ်နည်းလေးကတော့ဆွေမျိုးစဉ်ဆက်လုပ်ရောင်းလာတဲ့နည်းလေးဖြစ်ပါတယ်။

လိုအပ်သောပစ္စည်း
*************

ရေစိမ်ခေါက်ဆွဲ - တစ်ထုပ် (၇ပွဲစာပြင်နိုင်ပါတယ်)

ကြက်သားပြုတ် သို့ ပေါင်းထား - တစိတ်

ကြက်သွန်ဖြူဆီချက် - တဇွန်း စားပွဲဇွန်း

နှမ်း +(ဟွားကျောက် )ဆီချက် - တဇွန်း

ကော်ရည် - ၃ဇွန်း

ပဲငံပြာရည် - တဇွန်း

ငရုပ်သီးဆီချက် - လိုသလောက်

မြေပဲထောင်း- တဇွန်း

ခရမ်းချဉ်သီးချက် - တဇွန်း

ကြက်သွန်မိတ် နံနံမိတ် -တဇွန်း

ပဲရွက် သို့ နှစ်သက်ရာအရွက်

ရှမ်းချဉ်(မုန်ညင်းချဉ်) လိုသလောက်

ကော်ရည်ကျိုရန်
***********
ရေ - ၁လီတာခွဲ

ကြက်သွန်ဖြူ - ၂ မြောင်း

ဆား - ၁ဇွန်း စားပွဲဇွန်း

အချိုမှုန့် သို့ ဟင်းခပ်မှုန့် - ၁ဇွန်း

လိမ္မော်ရောင် အနည်းငယ် (food color)

ထန်းလျက် - ၃လုံး

ကော်မှုန့် - ၈၀ ဂရမ် ( စားပွဲဇွန်း ၈ဇွန်း)

ကော်မှုန့်ဖျော်ရန် ရေ - ၁၀၀ ml ( ၁၀ဇွန်းခန့် )

ကော်ရည်ခေါက်ဆွဲတွင်တပွဲလုံးအရသာကိုကော်ရည်ကယူပါတယ် ။

ကော်ရည်ကျိုနည်း
*************
1.ဦးစွာရေဆူအရင်တည်ပါ။ကြက်သွန်ဖြူ ရိုက်ထည့်ပါ။ပါဝင်သောအရသာအားလုံးထည့်ပါ ။ ချိုငန်အရသာလေးပါတယ်။အရသာအနေတော်ရပါကအရောင်အနည်းငယ်ထည့်ပါ။မထည့်လည်းရပါတယ်။

2.ပွက်ပွက်ဆူကကော်မှုန့်နှင့်ရေရောဖျော်ထားသည်ကိုတဖက်မှဖြည်းဖြည်းလောင်းကတဖက်မှအဆက်မပျက်မွေပေးပါ။ ပြီးလျှင်မီးလျော့ကာပြန်ဆူလာပါကမီးဖိုမှချပြီးအသုံးပြုနိုင်ပါပြီ။

***ယခုပြုလုပ်ထားသည့်အချိုးသည်ပွဲနှစ်ဆယ်ခန့်ပြင်၍ရသည်။မိမိပြုလုပ်မည့်ပွဲအရေအတွက်ကိုတိုင်းတာကိုချိန်ဆပြုလုပ်ပါရန်။

ကော်ရည်ခေါက်ဆွဲပြင်ဆင်ပုံ
*******************

1.ဦးစွာ ရေစိမ်ခေါက်ဆွဲကိုရေနွေးဖျောပါ ။ ရေစိမ်ခေါက်ဆွဲအခြောက်ဖြစ်ပါက၂နာရီခန့်ကြိုတင်ပြီးရေစိမ်ထားရမည်။ရေနွေးဖျောပြီးပါကပန်းက န်တွင်ထည့်ပါ။

2.ပြီးလျှင်အပေါ်မှကော်ရည် ၊ကြက်သွန်ဖြူ ဆီချက်၊နှမ်းဆီချက်၊ကြက်သား၊ခရမ်းချဉ်သီးချက်၊ငရုပ်သီး ဆီချက်၊ပဲငံပြာရည်၊မြေပဲကြက်သွန်မိတ်တို့ထည့်ြ ပီးရှမ်းချဉ်ဖြင့်တွဲဖက်
သုံးဆောင်နိုင်ပါပြီ။

❀နှစ်သက်ပါကပဲရွက်မုန်ညင်းရွက်တို့ဖြင့်ရော၍သုံးဆောင်နိုင်ပါသည်။

❀ဂျုံခေါက်ဆွဲနဲ့လုပ်လျှင်ဂျုံကော်ရည်၊ဆန်ပြားေ ခါက်ဆွဲဖြင့်ဆန်ပြားကော်ရည်ရပါတယ်ရှင်။ပါဝင်ပစ္စည်းအားလုံးမှာအတူ တူဖြစ်ပါတယ်။

❀#ဟွားကျောက် ခေါ်ဇီချွမ်းငရုပ်ကောင်းကိုဈေးနှ င့်စူပါမာကတ်များတွင်ရနိုင်ပါတယ်။

❀နှမ်းဟွားကျောက်ဆီချက်ပြုလုပ်ရန်

နှမ်းလှော် တစ်ပန်းကန်

ဟွားကျောက်မှုန့် - တစ်ဇွန်း စားပွဲဇွန်း

ဆီပူ - တစ်ပန်းကန်

ပြုလုပ်ပုံ
******
နှမ်းလှော်ကိုထောင်းပြီးစတီးသို့မဟုတ်ကြွေပန်းကန်တွင်ထည့်ပါ။
#ဟွားကျောက် ကိုလှော်ပြီးထောင်းထားပါ။

နှမ်းလှော်ထောင်းတစ်ပန်းတွင်ဟွားကျောက်မှုန့် တစ်ဇွန်းထည့်ပါ။

မီးဖိုပေါ်တွင်ဆီတစ်ပန်းကန်စာအပူပေးပြီးအနည်းငယ်ကျွမ်းအောင်တည်ထားပါ။

ဆီပူပါကနှမ်းလှော်ထောင်းနှင့်ဟွားကျောက်အရောပန်းကန်တွင်လောင်းထည့်ပြီးအဖုံးအုပ်ထားပါ။၅မိနစ်ခန့်တွင်သုံးရန်အသင့်ဖြစ်ပါပြီ။

နှမ်းထောင်းနှင့်ဟွားကျောက်ကိုမရောဘဲသီးသန့်ဆီလည်းပြုလုပ်နိုင်ပါတယ်။

.........
Crd sofia

Credit : Facebook Shares

Ingredients

Directions