တိုဖူးနှစ်ပြန်ကြော်

1

တိုဖူးကြော်မယ်ဆိုရင်ရှမ်းတိုဖူးနဲ့ကြော်လို့မရပါဘူး။ပဲမုန့်ကိုဖျော်ပြီးအနယ်မထိုင်ဘဲကျိုရပါမယ်။

ပါဝင်ပစ္စည်း
******
ကုလားပဲမှုန့် အစိမ်း - တစ်ဆယ်သား

ရေ - ၇၅၀ ml

ဆား - အနည်းငယ်

ဟင်းခပ်မှုန့် - အနည်းငယ်

နနွင်း - အနည်းငယ်

ပြုလုပ်နည်း
*******

(၁) ပဲမှုန့်ကို ရေအနည်းငယ်ထည့်ပြီးကျေအောင်ချေပေးပါ။

(၂)အားလုံးကျေပါကလိုအပ်သောရေပမာဏထိထည့်ပါ။

(၃)နနွင်း၊ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပြီးသမအောင်မွေငါဇကာတခုဖြင့်စစ်ပေးပါ။

(၄)တိုဖူးကျိုမည့်အိုးတွင်ဖျော်ပြီးသားပဲမှုန့်ရည်ကိုအနည်းငယ်ထည့်ပြီးမီးဖိုပေါ်တင်ကာအဆက်မပျက်မွေပေးပါ။

(၅)စတင်ပျစ်လာပါကကျန်ပဲမှုန့်ရည်ကိုနည်းနည်းဆီဖြည်းဖြည်းချင်းလောင်းထည့်ကာအဆက်မပျက်မွေပေးပါ။

(၆)အားလုံးထည့်ပြီးပါကပဲစိမ်းနံ့ပျောက်အောင်ခဏဆက်မွေပေးပြီးအအေးခံမည့်ခွက်တွင်လောင်းထည့်ကာမျက်နှာပြင်ညီအောင်ပြုလုပ်အအေးခံထားပါ။

(၇)တိုဖူးအေးပါကလိုသလိုလှီးဖြတ်ပြီးဆီပူတွင်မီးအသင့်သင့်ဖြင့်အရောင်ရအောင်ကြော်ပေးပြီးဆယ်ယူဆီစစ်ကာအအေးခံထားပါ။

(၈)နှစ်ပြန်ကြော်ကြော်ရန်အအေးခံထားသောတိုဖူးကြာ်ကိုကပ်ကြေးဖြင့်ထပ်ဖြတ်ပေးထားပါ။

(၉)လုံးဝအေး၍ဖြတ်ပြီးသွားသောတိုဖူးကြော်ကိုဆီပူတွင်ဒုတိယအကြိမ်ချကြော်ပေးပြီးအတွင်းသားထိကြွပ်ရွလာပါကဆယ်ယူဆီစစ်ပြီးနှစ်သက်ရာအချဉ်နှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions