ဝက်အူချောင်း/ကြက်အူချောင်း အသားလုံးကြော်

1

ဒီ အသားလုံးကြော်က ဝက်အူချောင်း/ကြက်အူချောင်း နည်းနည်းနဲ့ အသားများများထည့်ပြီး ကြော်ထားတာပါ။

ဝက်အူချောင်းကြိုက်တဲ့ကလေးတွေ အတွက် ဝက်အူချောင်း များများမပါပဲ အရသာရှိရှိနဲ့မေမေတွေ လုပ်ကျွေးလို့ရတဲ့နည်းလေးပါ။

အိမ်က သားသားက ဝက်အူချောင်းအရမ်းကြိုက်တယ်။ အများကြီးလဲ မကျွေးချင်တာနဲ့ဒီအသားလုံးကြော်လေးကို လုပ်ဖြစ်တာပါ။

ဝက်အူချောင်းရဲ့အ၇သာလဲ လုံးဝမပျက်ပဲ အသားများများနဲ့ဆိုတော့ ကလေးတွေကို များများကျွေးလို့ကောင်းပါတယ်။

အသားမှာ အခြားအနံ့တွေထည့်မထားတော့ ဝက်အူချောင်း အနံ့လေးအတိုင်း ထွက်ပါတယ်။ လုပ်စားကြည့်နော်။

=============
ပါဝင်သောပစ္စည်းများ
=============

၁။ တောက်တောက်ဆင်းထားသော ဝက်သား (သို့) ကြက်သား - ၂၅ ကျပ်သား

၂။ ဝက်အူချောင်း/ကြက်အူချောင်း - ၁၀ သား

၃။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ

၄။ ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း လေးပုံတပုံ (ငရုတ်ကောင်းအနံ့သိပ်မကြိုက်ရင် လျော့ထည့်ပါ။)

၅။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း လေးပုံ တပုံ

၆။ အကြော်မှုန့်- ထမင်းစားဇွန်း ၄ ဇွန်း

၇။ ကြော်၇န်ဆီ
(မှတ်ချက်။ အသားလုံးကို ကြွပ်ကြွပ်လေးရအောင်လို့ကြက်ဥမထည့်ပါ။ အသားလုံး အိအိလေးလိုချင်လျှင် ကြက်ဥ တလုံးကို ထည့်ပါ။)

=======
ပြုလုပ်နည်း
=======
၁။ ဝက်အူချောင်း/ကြက်အူချောင်း ရဲ့အရေခွံ (အူ) များကို ခွာရျ် တောက်တောက်ဆင်းထားပါ။ (အ၇မ်းညက်အောင်တောက်တောက်ဆင်းစရာမလိုပါ။)

၂။ အသားကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်တို့ဖြင့် ရောနယ်ပါ။

၃။ ပြီးလျှင် တောက်တောက်ဆင်းထားသော ဝက်အူချောင်း/ကြက်အူချောင်းများကို ထည့်ပြီးသမအောင်နယ်ပါ။

၄။ ထို့နောက် အကြော်မှုန့်ကို ထည့်နယ်ပြီး ဆီပူပူထဲမှာ အသားလုံးများကိုထည့်ကြော်ပါ။

၅။ အသားလုံးများ နီညိုရောင်သန်းလာလျှင် ဆီအိုးမှဆယ်ပြီး ဆီစစ်ထားပါ။

၆။ အနံ့မွှေးမွှေး အ၇သာရှိရှိ ဝက်အူချောင်း/ကြက်အူချောင်း အသားလုံးကြော်ကို သုံးဆောင်နိုင်ပါပြီ။

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

Credit : Facebook Shares

Ingredients

Directions