ဆေးဘဲဥ ရွှေပဲရွက် နှင့် ကြက်ဥအမြှုပ်ကြော်

1

ရွှေပဲရွက် (snow pea leaves) – 250 g (၁၆ ကျပ်သား)ခန့်

ဆေးဘဲဥ – ၂ လုံး (ဗူးခွံမှာကတော့ salted duck egg (preserved) လို့ ရေးထားပါတယ်။)

ကြက်ဥ အကာ – ၂ လုံး

ဆီ – 1/4 cup (60 ml)

ပါးပါးသေးသေးလှီးထားသော ကြက်သွန်ဖြူ အတက်ကြီး – ၅ တက်

chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရွှေပဲရွက်များကို အရိုးရင့်များဖယ်ပြီး အညှာခြွေကာ ရေဆေးထားပါ။

ဆေးဘဲဥများကို ၈ စိတ်ကွဲလှီးထားပါ။

ကြက်ဥအကာ ၂ လုံးကို မွှေသည့်စက် ဖြင့် အမြှုပ်များဖြစ်သွားအောင် ၁ မိနစ်ခန့်မွှေပေးပါ။ (လက်မွှေတံ whisk ဖြင့်လည်း အမြှုပ်ဖြစ်အောင် ခလောက်နိူင်ပါတယ်၊ whisk ကို အသုံးပြုပါက ဇလုံကိုစောင်းပြီး ခလောက်ရပါမယ်၊ အကာ ၂ လုံးအတွက် ၂ မိနှစ်ခွဲခန့်ကြာပါတယ်။)

အမြှုပ်ခွက်ကို မှောက်ချကြည့်လို့ လုံးဝ မကျလာပဲ ကပ်နေလျှင် ကြက်ဥအမြှုပ်ရပါပြီ။ (အကယ်၍ ကြက်ဥအရည်များကျန်သေးလျှင် ချောပြီးကျလာနိူင်၍ ဖြည်းဖြည်းချင်း မှောက်ချကြည့်ပါ။)

ဆီ ပူလျှင် ကြက်သွန်ဖြူထည့်ပြီး high heat ဖြင့် စက္ကန့် ၃၀ ခန့် မွှေကြော်ပေးပါ။ (ရွှေဝါရောင်ဖြစ်အောင် ကြော်ရန် မလိုပါ။)

ပြီးလျှင် လှီးထားသော ဆေးဘဲဥထည့်ကာ စက္ကန့် ၃၀ ခန့် ခပ်ဖွဖွ မွှေကြော်ပေးပါ။

ရွှေပဲရွက် နှင့် chicken powder ထည့်ပြီး အထက်အောက်လှန်ကာ

အရွက်များနွှမ်းရုံ ကြော်ပါ။ (အရွက်စိမ်းစိမ်းလေးရစေရန် မီးပြင်းဖို့လိုပါတယ်။)

အရွက်များနွှမ်းသည်နှင့် ချက်ချင်း ပန်းကန်တစ်ချပ်ထဲ ခပ်ထုတ်ကာ ထွက်လာသောအရည်များကို အိုးထဲချန်ခဲ့ပြီး မီးအပူရှိန်ကို အနိမ့်ဆုံး (low heat) သို့လျှော့ချပေးပါ။

ထိုအရည်ထဲ ကြက်ဥအမြှုပ်ကို ထည့်ကာ စက္ကန့် ၃၀ ခန့် ခပ်ဖွဖွ မွှေကြော်ပေးပါ။ အရမ်းကြေသွားအောင် မမွှေရပါ။

ပြီးနောက် မီးဖိုမှ ဖယ်ကာ ကြော်ပြီးသည့်ရွှေပဲရွက်များဖြင့် ခပ်ဖွဖွ ရောမွှေ၍ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Credit :Chaw Su's Food Friends

Credit : Facebook Shares

Ingredients

Directions