ကြက်ဥ ခရမ်းသီး အိုးကပ်ကြော် (ဖီလစ်ပိုင်)

1

၄ လက်မအရှည်ခန့် ခရမ်းသီး – ၃ လုံး

chicken powder – အနည်းငယ်

ဂျုံမှုန့် (plain flour) – ထမင်းစားဇွန်း ၃ ဇွန်း

ကြက်ဥ – ၂ လုံး

ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

ပါးပါးလှီးထားသော နံနံပင် – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်

ငရုတ်ကောင်းမှုန့် – အနည်းငယ်

ဆီ – ထမင်းစားဇွန်း ၃ ဇွန်းခန့်

အညှာမဖြုတ်ပဲ ရေဆေးထားသော ခရမ်းသီးများကို အတွင်းသားများ အမြန်ကျက်အောင် ခက်ရင်းဖြင့် ၄၊၅ ချက်ထိုးဖောက်ထားပါ။

ပြီးလျှင် ဆူနေသောရေထဲထည့်ပြီး ၆ မိနစ်ခန့် (သို့) ခရမ်းသီး ပျော့အောင် ပြုတ်ပေးပါ။ ခရမ်းသီးများ ညီညီညာညာကျက်စေရန် အထက်အောက်လှန်ပြီး ပြုတ်ပေးဖို့လိုပါတယ်။

ပြုတ်ပြီးနောက် အခွံခွါကာ အသီး၏အညှာမှ လက်တစ်ဆစ်ခန့်ခွါ၍ ခက်ရင်းဖြင့်ဖိပြားပေးပါ။

ဖိပြားပြီးလျှင် ယပ်တောင်ကဲ့သို့ပြန့်သွားအောင် ခက်ရင်းဖြင့် ခြစ်ဆွဲပေးပါ။

ကျန်သည့်အသီးများကိုလည်း အထက်ပါအတိုင်းလုပ်ပြီးလျှင် အရသာအတွက် chicken powder အနည်းငယ်စီဖြူ းပေးပါ။

ပြီးနောက် ဂျုံမှုန့်ဖြင့် ကပ်သွားအောင် လုပ်ပေးပါ။

ဂျုံမှုန့်ဖြင့် ကပ်ပြီးလျှင် ငါးငံပြာရည်၊ နံနံပင်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ခလောက်ထားသော ကြက်ဥရည်ထဲခဏစိမ်ပါ။

ပြီးနောက် အတော်လေးပူနေသည့် ဆီဒယ်အိုးပြားထဲ ထည့်ချပြီး ခရမ်းသီးများ ပြန့်ပြီးကားစေရန် ဇွန်းဖြင့် ဖြန့်ပေးပါ။ (ဆီများ အိုးအနှံပြန့်သွားအောင် အိုးကို ဟိုဖက်၊ဒီဖက်အနည်းငယ်စောင်းပေးပါ။)

ကျန်သည့်ကြက်ဥရည်အချို့ကို ဇွန်းဖြင့် ခပ်၍ ခရမ်းသီးတစ်လုံးချင်းစီပေါ် လောင်းချကာ အနည်းငယ်ကျက်လျှင် တစ်ဖက်သို့လှန်ပါ။ (လှလှပပလေးဖြစ်စေရန် အရမ်းပြန့်ကားသွားအောင် မလောင်းထည့်ရပါ။)

ပြီးနောက် နောက်တစ်ဖက်ပြန်လှန်ကြော်ကာ ပူပူမွှေးမွှေး ကြက်ဥ ခရမ်းသီး အိုးကပ်ကြော်ကို အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Credit::Chaw Su's Food Friends

Credit : Facebook Shares

Ingredients

Directions