ပုစွန်ချဉ်စပ်ဟင်းရည်
ပုစွန်လတ်.....................၂၀ကျပ်သား
အသားပြုတ်ရည်(သို့)ဟင်းရွက်ပြုတ်ရည်
စပါးလင်........................၃ပင်
ပဒဲကောသေးသေး..........၁တက်
ကြက်သွန်နီဥသေး.............၅လုံး
ခရမ်းချဉ်သီးသေး...............၃လုံး
တောရှောက်ခါးရွက်.............၅ရွက်
ရှမ်းနံနံ..............................၁စည်း
ငရုတ်သီးစိမ်း...................... ၅တောင့်
ငရုတ်ခြောက်တောင့်..............၅တောင့်
ပထမဆုံးအသားပြုတ်ရည်(သို့) အသီးအရွက် ပြုတ်ရည်တစ်ခုခုကိုတစ်လီတာခွဲခန့်ရအောင် ပြုတ်ထားပါ။
ပုစွန်ကိုအခွံခွာထားပါ။
ကြက်သွန်နီဥသေးကို (၂)စိတ်၊ခရမ်းချဉ်သီးကို(၄)စိတ်လှီးပါ။
ပဒဲကောကိုပါးပါးလှီး၊စပါးလင်ကို၃ပိုင်းပိုင်းကာဓားပြားရိုက်ထားပါ။
ရှမ်းနံနံကိုခပ်ပါးပါးလှီး၊တောရှောက်ခါးရွက်ကို ဖဲ့ခြွေထားပါ။
ငရုတ်သီးစိမ်းကိုဓားပြားရိုက်ပြီးငရုတ်ခြောက် တောင့်ကိုလှော်ပြီးနှစ်ပိုင်းညှပ်ထားပါ။
ပြုတ်ရည်ကိုအပူပြန်ပေးပါ။ စပါးလင်၊ပဒဲကော၊ငရုတ်သီးစိမ်း၊တောရှောက်ခါးရွက်တစ်ဝက်ခန့်ကိုထည့်ပါ။ကြက်သွန်နီထက်ခြမ်းခွဲတွေ လည်းထည့်ပြုတ်ပါ။
ငါးငံပြာရည်၊ဆား၊သကြား၊ဟင်းခတ်မှုန့်၊ကြက်သားမှုန့်၊မန်ကျည်းရည်၊သံပုရာရည်တို့ဖြင့် မိမိနှစ်သက်တဲ့ချိုချဉ်ငံစပ်အရသာကိုဖြည့်စွက်ပါ။
(မန်းကျည်းသီးမှည့်အညိုများအသုံးပြုပါကဟင်းရည်နှောက်သွားတတ်သည်ကိုသတိပြုပါ)
မိမိစိတ်ကြိုက်အရသာပြည့်စုံရင်ပုစွန်တွေ ထည့်ပါ။ခရမ်းချဉ်သီးစိတ်တွေကိုလဲချက်ချင်းဆိုသလိုထည့်ပါ။
ပုစွန်ကျက်သွားပြီဆိုရင်ကျန်နေတဲ့တောရှောက်ခါးရွက်၊ခရမ်းချဉ်သီး၊ရှမ်းနံနံနှင့်ငရုတ်ခြောက်တောင့်လှော်တွေထည့်ပါ။
(၅)မိနစ်ခန့်မီးရှိန်အေးအေးမှအဖုံးပိတ်ထား ပေးပါ။
မှတ်ချက်။
ဒီဟင်းရည်ချက်နည်းမှာအငံအတွက် (၂)မျိုး၊အချိုအတွက်(၃)မျိုး၊အချဉ်အတွက်(၂)မျိုး၊ အစပ်အတွက်(၂)မျိုး ကိုလိုက်လျောညီထွေအောင်ဖန်တီးနိူင်တယ်ဆိုတာကသူတို့ရဲ့ထူးခြားချက်ပါပဲ။
Credit to Win Naing Thein
Credit : Facebook Shares
Ingredients
Directions