ကဏန်းမဆလာချက် မွှေးမွှေးလေးချက်နည်း

1

ကဏန်းမဆလာချက်မေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ပါရေးပေးလိုက်တယ်နော်။ ကဏန်းမဆာချက်ကိုမချက်ခင် ကဏန်းကိုတချို့ကပြုတ်လိုက်ပါတယ်။ တချို့ကပေါင်းပါတယ်။ အိစံကတော့ ပေါင်းပြီး သန့်စင်ပြီးမှ မဆလာချက် ချက်ပါတယ်။ ကဏန်းမဆလာချက်ရာမှာတော့ တချို့ကအကောင်အရှင်ကိုချက်ကြပါတယ်။ အိစံကတော့ တခါမှ ဘာအကောင်အရှင်မှမချက်ရဲတော့ အသေထဲက အလတ်ဆုံးဟာကိုရွေးဝယ်ပါတယ်။ ကဏန်းအကောင်လတ်မလတ်ကတော့ အနံရှူကြည့်တာအကောင်းဆုံးပါပဲ။ ကဏန်းမဆလာချက်မွှေးမွှေးလေးချက်စားရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကဏန်းအကြီး ၁ ကောင်

၂။ ခရမ်းချဉ်သီး - ၁ လုံး

၃။ ကြက်သွန်နီ - ၁ လုံး

၅။ ကြက်သွန်ဖြူ - ၃ မွှာ

၆။ ဂျင်း - လက်တဆစ်

၇။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

၈။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တဝက်

၉။ ငရုတ်သီးမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက် (အစပ်မကြိုက်လျှင်မထည့်ပါနဲ့)

၁၀။ ကုလားလေး မဆလာ- လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၁၁။ ငရုတ်သီးစိမ်း - ၅ တောင့်

၁၂။ နံနံပင် - အနည်းငယ်

၁၃။ ကြက်ဥ - ၁ လုံး

၁၄။ မြန်မာငံပြာရည် (သို့) ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ

၁၅။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၁၆။ ဆီ - ထမင်းစားဇွန်း ၃ ဇွန်း

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ ကဏန်းကိုပေါင်းမည်ဆိုလျှင် ကဏန်းရဲ့ကိုယ်ပေါ်ကို အကွင်းလိုက်လှီးထားသော ဂျင်းတပြားတင်ပြီးပေါင်းပါ။ ပြီးလျှင် ကဏန်းကိုအအေးခံပြီး သန့်စင်ပါ။

၂။ ကဏန်းကို သန့်စင်ရာမှာ ကဏန်းရဲ့အပေါ်အခွံမာကိုခွာပါ။ အခွံမှာတွင်ကပ်နေသောအရာများကို ဒီအတိုင်းထားပါ။ ကဏန်းအတွင်းသားမှာကပ်နေတဲ့ လေ
အိပ်လို အရာများကိုဖယ်ထုတ်ရျ် သန့်စင်ပါ။ ပြီးလျှင် ကဏန်းလက်မများကို တူဖြင့် အနည်းငယ်ထုထားပါ။

၃။ ကျန်သောဂျင်း နှင့် ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပါ။ ကြက်သွန်နီ နှင့် ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ကြက်ဥကို ခလောက်ထားပါ။

၄။ ဒယ်အိုးတခုကို အပူပေးပြီး ဆီပူလာလျှင် ကြက်သွန်နီများကိုထည့်ကြော်ပါ။ ကြက်သွန်နီများ ရွှေဝါရောင်သန်းလာလျှင် ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူကို ထည့်ဆီသတ်ပါ။ ထို့နောက် ဆနွင်း၊ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်၊ မဆလာ လက်ဖက်ရည်ဇွန်း တ ဝက်၊ ငံပြာရည်၊ သကြား(သို့) အချိုမှုန့် နှင့် ခရမ်းချဉ်သီးတို့ကိုထည့်ရျ် လုံးပါ။ အနှစ်များဖြစ်လာအောင်ချက်ပါ။ ရေထည့်ပါ။

၅။ ထို့နောက် ကဏန်းကိုထည့်ချက်ပါ။ ကဏန်းကိုထည့်ပြီးလျှင် ငရုတ်သီးထည့်ပါ။ ရေထည့်ပြီး အုပ်ထားပါ။

၆။ ဆီပြန်ခါနီးအချိန်တွင် ခလောက်ထားသော ကြက်ဥများကိုထည့်ရျ် မွှေပါ။ အပေါ့အငံမြည်းပြီး နံနံပင်အုပ်၊ ကျန်သောမဆလာ လက်ဖက်ရည်ဇွန်း တဝက်ကိုထည့်ရျ် မီးဖိုပေါ်မှချပါ။

၇။ အနံမွှေးမွှေး ကဏန်းမဆလာချက်လေးကို သုံးဆောင်နိုင်ပါပြီ။

Credit: Ei San's Homemade

Credit : Facebook Shares

Ingredients

Directions