ကင်းမွန် မွမွလေးကြော်နည်း

1

ကင်းမွန်နှစ်သက်သူတွေအတွက် အကြော်ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ

ကင်းမွန် ▪▪▪ ၂၀ သား ( အသင့်အနေ )

ကြက်ဥ ▪▪▪ ၁ လုံး

ချင်းအရည် ▪▪▪ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကော်မှုန့် ▪▪▪ စားပွဲဇွန်း ၁ ဇွန်း

အကြော်မှုန့် ▪▪▪ စားပွဲဇွန်း ၁ ဇွန်း ( ယိုးဒယားမယ်တံဆိပ် )

ပေါင်မုန့်ခြောက် ▪▪▪ လိုသလောက်

ငရုတ်ကောင်းမှုန့် ▪▪▪ လက်ဖက်ရည်ဇွန်း ၅ ပုံ ၁ ပုံ

ပဲငံပြာရည်အပျစ် ▪▪▪ စားပွဲဇွန်း ၅ ပုံ ၁ ပုံ

ဆီ

အသားမှုန့်

----------------
အချင်ပြုတ်နည်း
----------------

၁။ သန့်စင်ပြီးကင်းမွန်များကို ရေစစ်ထားပါ။ အတွင်းသားများကို မွှန်းရာလေးများပေးပြီး ချင်းအရည်၊ ငရုတ်ကောင်းမှုန့်၊ အသားမှုန့်တို့နဲ့နယ်ပြီး ၁၅ မိနစ်ခန့်နှပ်ထားပါ။

၂။ ကြက်ဥမှ အကာရည်ကိုသာသုံးပါတယ်။ ခွက်တစ်ခုထဲကို ကြက်ဥအကာရည်၊ ကော်မှုန့်၊ အကြော်မှုန့်၊ ပဲငံပြာရည်အပျစ်တို့ထည့်ပြီး ပွအောင် နာနာခေါက်ပေးထားပါ။

၃။ ပန်းကန်ပြားတစ်ချပ်ထဲကို ပေါင်မုန့်ခြောက်များ အသင့်ထည့်ထားပါ။

၄။ ဆီများများနဲ့ကြော်ရမှာမို့ ကြော်မည့်အိုးထဲကို အိုးအောက်ခြေမှ အမြင့် ၂ လက်မခန့်ရအောင်ဆီထည့်ပါ။ ဆီပူရင် ကင်းမွန်ကို ကြက်ဥခေါက်ရည်နဲ့စိမ်ကာ ပေါင်မုန့်ခြောက်ကပ်ပြီး အိုးထဲထည့်ကြော်ပါ။ ရွှေရောင်ရပြီးကြွပ်ရင် ဆယ်ယူကာဆီစစ်ထားလိုက်ပါ။

မိမိနှစ်သက်ရာအချဉ်၊ မရိုးနိစ်တို့နဲ့တို့ပြီး တွဲကာစားသုံးနိုင်ပါပြီရှင့်။

Credit : Facebook Shares

Ingredients

Directions