ငါးရံ့ခြောက်၊ ဒန့်သလွန်သီးနှင့်ရုံးပတီသီး ချက်နည်း

1

ငါးရံ့ခြောက်............၂ကောင်

ဒန့်သလွန်သီး...........၃တောင့်

ရုံးပတီသီး................၅တောင့်

ကြက်သွန်နီသေး........၁ လုံး

ကြက်သွန်ဖြူ...............၅ တက်

ခရမ်းချဉ်သီး................၅ လုံး

ငရုတ်သီးစိမ်း.............၅တောင့်

မန်ကျည်းသီးမှည့်.........အနည်းငယ်

နနွင်း+အရောင်တင်..အနည်းငယ်စီ

ငါးငံပြာရည်............၃ ဇွန်း( ထမင်းစားဇွန်း )

ဟင်းခတ်မှုန့်............၁ ဇွန်း ( လက်ဖက်ရည်ဇွန်း)

ငါးရံ့ခြောက်ကို အတုံးငယ်လေးများတုံးကာရေကြက်သီးနွေးလေးဖြင့်စိမ်ထားပါ။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ကိုရောပြီးညှက်အောင်ထောင်းပါ။

စပ်ရှိန်းရှိန်းလေးစားချင်ရင်ငရုတ်ခြောက်တောင့်၃ တောင့်လောက်ပါရောထောင်းပါ။

ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးပါ ( ကိုင်းခရမ်းချဉ်ဆို ပိုကောင်းပါသည်)

ဒန့်သလွန်သီးတွေကို ဓါးနဲ့ခြစ်ထုတ်ပြီး၂ လက္မ အရှည်လောက်ပိုင်းဖြတ်ပါ။

ဒယ်အိုးတစ်လုံးအောက်ခြေမှာနနွင်း+ အရောင်တင်မှုန့်နှင့်ရောထောင်းထားသော အရောကို အောက်ကထည့်ပြီးခရမ်းချဉ်သီးတွေဖြန့်ထည့်ပါ။

ငါးငံပြာရည်၊ ဟင်းခတ်မှုန့်တို့နှင့်အရသာသွင်းပါ။

ဆီကိုဒယ်အိုးပတ်လည်မှအနည်းငယ်လောင်း ထည့်ကာမွှေပေးစရာမလိုလောက်တဲ့ မီးအရှိန်မှာ ဆီပြန်လာသည်အထိချက်ပေးပါ။

ဆီပြန်လာပြီဆိုရင်တော့ရေနွေးစိမ်ထားတဲ့ငါးခြောက်တွေထည့်ကာညင်သာစွာမွှေပေးပါ။ရေအနည်းငယ်ဖြည့်စွက်ပြီးနောက်တစ်ကြိမ်ဆူပွက်လာသည်အထိချက်ပေးပါ။

‌ပြန်လည်ဆူပွက်လာပြီဆိုရင် ၊ ဒန့်သလွန်သီးတွေထည့်ကာဖြည်းညင်းစွာသမအောင်မွှေပေးပါ။

မန်ကျည်သီးမှည့်အရည်လေးအနည်းငယ်လောင်းထည့်ပါ။

ငရုတ်သီးစိမ်း ၊ရုံးပတီသီးတွေထည့်ပြီးခေတ္တအဖုံးပြန်ပိတ်ထားပေးပါ။

နံနံပင်လေးလဲအုပ်ပေးနိူင်ပါတယ်။

Credit : Facebook Shares

Ingredients

Directions