အိမ်ချက်ဒန်ပေါက်လုပ်နည်း

1

ဆန်...၃ဗူး

ထောပတ်..ထမင်းစားဇွန်း၂ဇွန်း

ဆား ထမင်းစားဇွန်းဝက်

သကြား..ထမင်းစားဇွန်းဝက်

သစ်ဂျပိုးခေါက်..၂ခေါက်

ကရဝေးရွက်..၂ရွက်

ဖာလာစေ့..၅စေ့

နာနတ်ပွင့်..၂ပွင့်

ဆီ....ထမင်းစားဇွန်း..၃ဇွန်း

ကြက်သား..၄၀သား

ဒိန်ချဉ်...ထမင်းစားဇွန်း၂ဇွန်း

ကြက်သွန်နီ..၄လုံး

ကြက်သွန်ဖြူ.. အမွှာကြီး၃မွှာ

ငရုပ်သီး အစိမ်းမှူန့်..လက်ဖက်ဇွန်း၂ဇွန်း

ဒန်ပေါက်မဆလာ..လက်ဖက်ဇွန်း..၁ဇွန်းခွဲ

ကြက်သွန်ကြော်..၅ကျပ်သား

သီဟိုစံ..ထမင်းစားဇွန်း၃ဇွန်း

စပျစ်ခြောက်...ထမင်းစားဇွန်း၂ဇွန်း

ပဲစိမ်း...၁ဗူး

လိမ္မော် ရောင် Food Colour အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်
=============

ပထမဦးစွာ ဒန်ပေါက်နှင့်စားဖို့အတွက် ကြက်သားဟင်းကိုအနှစ်များများနဲ့ချက်မယ်နော်

ကြက်သားကိုဆေးကြောသန့်စင်ပြီး ဒိန်ချဉ် \ဆား\ဟင်းခတ် အရသာမှူန့်တို့နှင်နယ်ပြီးတစ်နာရီခန့်နှပ်ထားပါ။

ပြီးပါက ဒယ်အိုးထဲဆီထည့်ငရုပ်သီးအစိမ်းမှူန့်..မဆလာ..ကြက်သွန်ဖြူ နီ ထောင်းထားတာဆီသတ်ပါ ပြီးပါက နှပ်ထားတဲ့အသားများထည့်ပါ။

အသားများတင်းပါလာက ကြက်သွန်ကြော်ထည့်ပါ ရေခန်းဆီပြန်လာသည်ထိမီးအေးအေးနဲ့ကျက်သည်ထိချက်ပြီးမီးပိတ်ပါ။

ဒုတိယအဆင့်အနေနဲ့..ဒန်ပေါက်ထမင်းချက်ပါမယ်ရှင်။

ကျွန်မကတော့အိမ်မှာအမြဲချက်ဖြစ်တဲ့ရွှေဘိုပေါ်ဆန်းနဲ့ပဲချက်ပါတယ်။

ဆန်၃ဗူ်းကိုရေဆေးပြီး ဇကာနဲ့စစ်ထားပါ။

ရေသန့် ၄လီတာလောက်ပွက်ပွက်ဆူအောင်တည်ထားပါ။

ပွက်ပွက်ဆူနေတဲ့ရေထဲသို့ ကရဝေးရွက်\သစ်ဂျပိုးခေါက်\ဖာလာစေ့\နာနတ်ပွင့်..ဆား.သကြား...ဆီတို့ထည့်ပါ ပြီးပါက ဆန်ထည့်ပြုတ်ပါ...

ဆန်စေ့များ ကျက်ခါနီး ခပ်ရှည်ရှည်လေးတွေဖြစ်လာပြီးဆိုရင်တော့ မီးပိတ်ပြီး ဇကာထဲလောင်းထည့်ပြီးရေစစ်ထားပါ။ဆီထည့်ခြင်းက ဆန်တစေ့နဲ့တစေ့မကပ်ရအောင်ထည့်ရခြင်းပါရှင်။

ထောပတ်ကိုအပူပေး၍ ရေစစ်ထားသောထမင်းနှင့်သမအောင် အသာအယာ ယောင်မဖြင့်အပေါ်အောက်မွှေပေးပါ။
သီဟိုစံကိုကြော်ပြီးဆယ်ယူထားပါ။

ဒန်ပေါက်ထမင်းဖေါက်မည့်အိုးထဲသို့ထမင်း တဝက်ခန့်ဖြန့်ခင်းထည့်ပါ..

ထမင်းအပေါ်ကချက်ပြီးသားကြက်သားဟင်းထည့်ပါ..ကြက်သွန်နီကြော်ဖြူးထည့်ပါ ပြီးပါက အပေါ်က ထမင်းတထပ်ပြန်အုပ်ပေးပါ။ြ်ပီးပါက ထမင်းကို လိမ္မော်ရောင် Food Colour တစက် နှစ်စက်ခန့် ဖြန့်ထည့်ပြီး အရောင်ဆိုးပါ။

စပျစ်ခြောက် သီဟိုစံ ပဲစိမ်းတို့ဖြန့်ထည့်ပြီး အဖုံးအလုံပိတ်ပြီး မီးအေးအေးနဲ့ မီနစ်၄၀ခန့် နှပ်ထားပေးပြီးရင်တော့ အလွန်အရသာရှိတဲ့ ဒန်ပေါက်ထမင်းရပါပြီးရှင်။

ဒန်ပေါက်နဲ့စားဖို့အချဉ်ကိုတော့ ကြက်သွန်နီ ငရုပ်စိမ်း ခပ်ပါးပါးလှီးပြီး ဆားအနည်းငယ် နဲ့သံပုရာရည်ညှစ်ပြီးရောနယ်လိုက်ရင်တော့ရပါပြီးရှင်။

Thida lay Lay

Credit : Facebook Shares

Ingredients

Directions