သြင်္ကန် ထမင်းလုပ်နည်း

1

သြင်္ကန် ထမင်းဟာ.ခုလိုရာသီမျိုးနဲ့ လိုက်ဖက်တဲ့မြန်မာ့အစားအစာတမျိုးဆိုလဲမမှားပါဘူးရှင်။
ကျွန်မတို့ မွေးရပ်မြေမှာဆိုရင်တော့ သြင်္ကန် မကျမှီနဲ့ သြင်္ကန် ကာလအတွင်း ဧည့်ခံကျွေးမွေးလေ့ရှိပါတယ်
တပေါင်းလလောက်ကတည်းကနေ ဈေးတွေမှာရော ရပ်ကွက်ထဲမှာပါ ရောင်းလေ့ရှိကြပါတယ်။

ရာသီဥတု ပူအိုက်နေချိန် သြင်္ကန် ထမင်းအေးအေးလေးစားလိုက်ရရင် အတော်လေးကိုရင်ကိုအေးစေပြီး ငါးခြောက်ထောင်းရဲ့အရသာလေးလေးနဲ့ သရက်ချဉ်သုပ် လေးခပ်ချဉ်ချဉ်ရယ်ကုလားပဲ ပြုတ်ကြော်လေး...ထမင်းကိုရေခဲရေစိမ်ထားတာလေးရယ်ကြောင့် အကြိုက်တွေ့စေမှာအမှန်ပါ။ လူမျိုးမရွေး ဘာသာမရွေးသုံးဆောင်နိုင်တဲ့ အစားအစာ ဆိုလဲမမှာပါဘူးရှင်။မန်ကျည်းရွက်နုနုအသုပ်လေးနဲ့လဲတွဲဖက်စားလို့ရပါတယ်ရှင်။ မန်ကျည်းရွက်ကဝယ်လို့မရလို့မထည့်လိုက်ရတာပါရှင်။

သြင်္ကန် ထမင်းပြုလုပ်နည်း
=================

မိသားစု တစ်စု ၆ယောက်ခန့်စာအချိုးကိုရေးပေးပါမယ်ရှင်။

ဆန်...၄ဗူးခန့်ကို ဆေးကြောသန့်စင်ပြီး ရေ .4..လီတာခန့်ထည့်ပြီး မီးဖိုပေါ်မှာဆူပွက်ပြီးဆန်လုံးကွဲတဲ့ထိ ရိုးရိုးထမင်းချက်သလိုအနေအထားရပြီးဆိုပါက ထမင်းကို ဇကာတစ်ခုထဲလောင်းထည့်ပါ

ပြီးပါက ရေသန့်အေးအေးနဲ့၂ပြန်လောက်ဆေးပြီးအိုးတစ်လုံးထဲထည့်ထားပါ။

အိုးထဲတွင် ပန်ကန်ပြားတချပ်ခံ၍ ဆေးဖယောင်းထွန်းညှိပြီး မီးမုတ်ပါ ရလာတဲ့အငွေ့အနံ့ကိုယူမှာဖြစ်လို့အဖုံးလုံအောင်ပြန်ပိတ်ထားပါ ဖယောင်းငွေ့များ ထမင်းထဲရောက်သွားအောက်လုပ်တာဖြစ်ပါတယ်။

ဖယောင်းအနံ့မကြိုက်ပါက မထည့်လဲရပါတယ်ရှင်။

ငါးခြောက်ထောင်းကြော်နည်း
==================

ငါးခြောက် ၄၀သားခန့်..ကိုရေ ၂လီတာခန့်ဖြင့် မီနစ်၄၀ခန့်ပြုတ်ပါ။

ပြုတ် ပြီးသားငါးခြောက်ကို အရိုးနွင်၍ရရှိလာသော အသားများကို မွှအောင်ထောင်းပါ။

ကြက်သွန်နီ..၅လုံး ကြက်သွန်ဖြူဥကြီး ၂လုံးခန့်အခွံခွာပါးပါးလှီးထားပါ။

ဒယ်အိုးထဲဆီ..၁၀သားခန့်ထည့်၍ကြက်သွန်ဖြူ+နီတို့ကိုနနွင်းမှူန့်အနည်းငယ်ထည့်ကာဆီ သတ်ပါ။.

ကြက်သွန်များနွမ်းလာပါက ထောင်းထားသောငါးခြောက်များထည့်ကာ..မီးဖြည်းဖြည်းဖြင့် မီနစ်၂၀ခန့် ကြော်ပေးပြီး မီးပိတ်အအေးခံထားပါရှင်။

ကုလားပဲပြုတ်ကြော်နည်း
================

ကုလားပဲကို ၃၀သားခန့်ကို ၅နာရီခန့်ရေစိမ်ပြီး ဆေးကြောသန့်စင်ထားပါ။

ရေ တစ်လီတာခွဲခန့် ထည့်၍ နူးနေအောင်ပြုတ်ထားပါ။ ရရှိလာသောပဲပြုတ်ကိုအနည်းငယ်ကြေညှက်ထာင်းလိုက်ပါ။

ဒယ်အိုးထဲ ဆီ ၅ကျပ်သားခန့်ထည့်ပြီး ကြက်သွန်နီ ၂လုံးခန့်ပါးပါးလှီးပြီး နနွင်းမှူန့်အနည်းငယ်ထည့်ပြီးဆီသတ်ပါ

ကြက်သွန်နွမ်းပါက ပဲထည့်ပါ..ဟင်းခတ်အရသာမှူန့် အနည်းငယ်ထည့်ပြီး.မီနစ်၂၀ခန့်ရေခမ်းပြီးခြောက်တဲ့ထိကြော်ပေး

ပြီးမီးပိတ်အအေးခံထားပါရှင်။

သရက်ချဉ်သုပ် နည်း
=============
သရက်သီးစိမ်း ၁လုံးခန့်ကိုဆေးကြောသန့်စင်ပြီး့ခြစ်ဖြင့်ခပ်ပါးပါးခြစ်ထားပါ။

ဂေါ်ဖီထုပ်၁၀သားခန့်ခပ်ပါးပါးလှီးထားပါ။

ပုဇွန်ခြောက် မှူန့်ထမင်းစားဇွန်း၂ဇွန်း..မြေပဲမှူန့် ထမင်းစားဇွန်း၃ဇွန်း..ဆားအနည်းငယ်..ဟင်းခတ်မှူန့် အနည်းငယ်ဖြင့် သမအောင်ရောနယ်ပြီးသုပ်ထားပါ။

ပန်းကန်ထဲ ထင်မင်းထည့်ပြီးရေသန့်အေးအေးလေးထည့်ပြီး လုပ်ပြီးသားသြင်္ကန်အစာ..ငါးခြောက်ထောင်းကြော် ပဲနှပ်ကြော်နှင့် သရက်ချဉ်သုပ်ငရုပ်သီးကြော်မွှေးမွှေးလေး တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီးရှင်။ပျော်ရွင်စရာကောင်းသော နှစ်သစ်ကူးအတာ သြင်္ကန် မှာစိတ်သစ်လူသစ်နဲ့ကျန်းမာပျော်ရွင်စာဖြတ်သန်းနိုင်ကြပါစေရှင်။

Thida Lay Lay

Credit : Facebook Shares

Ingredients

Directions