မကျည်းရွက် ဆိတ်သားခြောက် ထောင်းနည်း

1

မကျည်းရွက် ၅ ကျပ်သား ဆေးပြီးသန့်စင်ထားပါ။

ဆိတ်သားခြောက် ၃ ကျပ်သား။ သို့မဟုတ် ဆိတ်သားခြောက်ကင်ပြီးသား ၃ ကျပ်သား ။

လက်နှစ်လုံးအရွယ် ဆိတ်သားခြောက် ၄ လက်မ အရှည် ။မထောင်းခင် ဆိတ်သားခြောက်ကို ရေ ၃ နာရီလောက်စိမ်ပြီး ကင်ပြီး ထုထားပါ။

ငြုတ်သီးစိမ်း အနီရောင် ၁၀ တောင့် အစိမ်းရောင်ဆယ်တောင့် နဲကြက်သွန်ဖြူ ၅မွှာကို ရေစပ်စပ်မှာပြုတ်ထားပါ။

အချဉ် အရသာ ပိုလိုခြင် လျှင်သံပုရာသီး တလုံး။ငါးမှုန့် ငံပြာရည် အနည်းငယ် ။မြေပဲလှော် ထမင်းစားဇွန်း ၂ ဇွန်း

ပထမ ဆုံး ထောင်းဆုံ ထဲမှာ ပြုတ်ထားတဲ့ ငြတ်သီး ကြက်သွန်ဖြူထောင်းပါ။ ပြီးလျှင် မြေပဲထည့် ပြီးထောင်း ။ ဆိတ်သားကင် ထည့်ထောင်းပြီးမှ သမ တဲ့အနေအထားမှာ မကျည်းရွက် ထည့်ထောင်းပါ။

ငါးမှုန့် ငံပြာရည်ထည့်ပါ။ သမအောင် အနည်းငယ်ဖွဖွ လေးထောင်းပြီး သံပုရာရည်ညှစ်ထည့်ပါ ။ငြုတ်သီး ထောင်းနဲ့သံပုရာရည် အနံ့ကြောင့် ပို စားချင်စဖွယ်ဖြစ်ပါတယ်။

လိုအပ်ရင် အပေါ့ အငံ ထပ်ထည့် ပါ ။ ဆိတ်သား မြေပဲ တို့ရဲ့ ချိုစိမ့်ပြီးချဉ်ငံစပ် ဖြစ်နေလို့ အရံ ဟင်းတခွက် လိုပဲ စားစား ကြာဇံချက် တို့နဲ့စားစား စားကောင်းပါတယ် ။

Credit : Facebook Shares

Ingredients

Directions