ချဉ်ငံစပ် ဂုံးသုပ်သုပ်နည်း

1

ဂုံးတွေ ကို ရေစင်စင်ဆေးပြီး အခွံလေးတွေပွင့်လာတဲ့အထိ ရေနွေးနဲ့ပြုတ် ပြီးလျှင် အခွံကိုဖယ်ပြီး အသားသပ်သပ်ထုတ်နွှင်ထားပါတယ် ။

ပုဇွန်ငါးပိ (မျှင်ငါးပိ) မီးကင် ၊ ငရုတ်သီးစိမ်းမီးကင်/ လှော်၊ ဆား , ဟင်းချိုမှုန့်ရော မညက်တညက် ထောင်းထားပါတယ်။

ထောင်းပြီးရင် ခုနကနွှင်ထားတဲ့ ဂုံး အသားတွေကို ကြက်သွန်နီပါးပါးလှီး နံနံပင်ပါးပါးလှီးငရုတ်သီးစိမ်း ပါးပါးလှီးထည့်ပြီးသံပုရာရည်များများညှစ်

ဆီစိမ်းလေး ပါလေကာထည့် မြန်မာငံပြာရည် လက်ဖက်ရည်ဇွန်းတဝက်ထည့် ထောင်းထားတဲ့ ငရုတ်သီးထောင်းအနှစ်ပါထဲ့ပြီး အရသာနှံ့အောင် ရောနယ်ပြီး သုပ်ပါတယ်။

(အစပ်ကိုယ်စားနိုင်သလောက်နဲ့ အချဉ် နှစ်သက်သလို ပိုထဲ့ပြီး သုံးဆောင်နိုင်ပါတယ်။)

Credit : Facebook Shares

Ingredients

Directions