ခရမ်းချဉ်သီး ငပိချက် (ချက်နည်း ၂ နည်း)

1

(၁) တယောက်တည်းသမားတွေ အတွက် အမြန်ဆုံးချက်နည်း

၁။ ခရမ်းချဉ်သီး - ၂ ပေါင် (သို့) ၅၀ သား

၂။ ဆီ (သို့) ကြက်သွန်နီ ဆီချက်မှဆီ - ထမင်းစားဇွန်း ၆ ဇွန်း (သို့) ၈ ဇွန်း (ကြက်သွန်နီ ဆီချက်မှဆီကိုသုံး၇င်တော့ ပိုမွှေးပါတယ်။ မရှိ၇င်တော့ ရိုးရိုးဆီပဲသုံးလို့၇ပါတယ်။

၃။ ကြော်ပြီးသားကြက်သွန်နီ (fried onion) - လက်တဆုပ်စာ

၄။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်

၅။ ငပိ - ထမင်းစားဇွန်း - ၁ ဇွန်း

၆။ ထောင်းထားသော ပုဇွန်ခြောက် - ထမင်းစားဇွန်း ၂ ဇွန်း

၇။ နံနံပင် - အနည်းငယ်

၈။ ငရုတ်သီး - ၃ တောင့်

=======
ပြုလုပ်နည်း
=======

၁။ ခရမ်းချဉ်သီးများကို အရှည်လိုက် ထက်ခြမ်းခြမ်းပါ။ အညှာနေရာမာမာလေးတွေကိုလှီးထုတ်ဖြစ်ပါ။ ထို့နောက် ခရမ်းချဉ်သီးများကို microwave အပူခံသော ပန်းကန်ပြားထဲတွင် မှောက်ပြီးထည့်ပါ။ ခရမ်းချဉ်သီး ပန်းကန်ကို microwave ထဲတွင် ၅ မိနစ်ခန့်ထည့်ရျ် အပူပေးပါ။ ခရမ်းချဉ်သီး အပေါ်အရည်ခွံများ ကွာလာပါလိမ့်မည်။ မကွာသေးရင် နောက်ထပ် ၁ မိနစ်ဆီ microwave ထဲ ထည့်ရျ် အပူပေးပါ။ ကွာလာသော အခွံများကို တူနဲ့ဖယ်ပါ။

၂။ ခရမ်းချဉ်သီးချက်မည့် အိုးထဲတွင် ဆီကို အပူပေးပါ။ ဆီပူလာလျှင် အခွံခွာထားသော ခရမ်းချဉ်သီးနှင့် ပန်းကန်ထဲရှိခ၇မ်းချဉ်သီးများထွက်လာသောရေများကိုပါထည့်ပါ။ ထို့နောက် ကြော်ထားသော ကြက်သွန်နီကို ခြေထည့်ပါ။ (ရေထပ်ထည့်စရာမလိုပါ။)

၃။ ပွက်လာလျှင် အရောင်တင်မှုန့်၊ ပုဇွန်ခြောက်၊ငပိတို့ထည့်ပါ။ ငရုတ်သီး စပ်စပ်ကြိုက်လျှင် ငရုတ်သီးမှုန့်ပါထည့်ပါ။ ငရုတ်သီးစိမ်းကိုလဲ ထက်ခြမ်းခွဲရျ် ထည့်ပါ။ (ငရုတ်သီးမွှေးရုံပဲထည့်မည်ဆိုလျှင် ဆီပြန်လာမှထည့်ပါ။)

၄။ ၁၅ မိနစ် (သို့) မိနစ် ၂၀ လောက် လုံးပြီးလျှင် ဆီပြန်လာပါလိမ့်မည်။ ဆီပြန်လာလျှင် နံနံပင် အုပ်ရျ် မီးဖိုပေါ်မှ ချပါ။

၅။ အလွန်လွယ်ကူမြန်ဆန်တဲ့ငပိချက်ကို ထမင်းဖြင့် သုံးဆောင်နိုင်ပါပြီ။

(၂) အိစံအိမ်မှာ အခုချက်တဲ့နည်း
==================

နိုင်ငံခြားမှာ နေတဲ့သူအများစုက ကြက်သွန်နီ ဆီသတ်၇င် အိမ်အ၇မ်းနံ လို့ အနှစ်ချက်ကို နေ့တိုင်းမချက်ဖြစ်ကြဘူး။ ဒီနည်းကတော့ ကြက်သွန်နီကို တခါဆီသတ်ထားပြီး ၂ ပတ် သုံးပတ်လောက်ကို အနှစ်ချက်စားလို့၇ပါတယ်။ ပါဝင်သောပစ္စည်းတွေက ပထမတနည်းနဲ့တူတူပါပဲ။ ချက်နည်းပဲ နည်းနည်းပဲကွတာပါ။

ပါဝင်သောပစ္စည်းများ

၁။ ခရမ်းချဉ်သီး - ၂ ပေါင် (သို့) ၅၀ သား

၂။ ဆီ (သို့) ကြက်သွန်နီ ဆီချက်မှဆီ - ထမင်းစားဇွန်း ၆ ဇွန်း (သို့) ၈ ဇွန်း (ကြက်သွန်နီ ဆီချက်မှဆီကိုသုံး၇င်တော့ ပိုမွှေးပါတယ်။ မရှိ၇င်တော့ ရိုးရိုးဆီပဲသုံးလို့၇ပါ
တယ်။

========
ပြုလုပ်နည်း
========

၁။ ခရမ်းချဉ်သီးများကို အရှည်လိုက် ထက်ခြမ်းခြမ်းပါ။ အညှာနေရာမာမာလေးတွေကိုလှီးထုတ်ဖြစ်ပါ။ ထို့နောက် ခရမ်းချဉ်သီးများကို ချက်မည့်အိုးထဲတွင် မှောက်ထည့် ပြီး ရေကို ခရမ်းချဉ်သီး ရဲ့တဝက်မြုပ် ရုံထည့်အဖုံးအုပ်ပြီး မီးဖိုပေါ်တင်ထားပါ။ ၁၀ မိနစ် (သို့) ၁၅ မိနစ်လောက်နေရင် ခရမ်းချဉ်သီး အခွံများကွာလာပါလိမ့်မည်။ မကွာသေးရင် နောက်ထပ် ၅ မိနစ်လောက်ထပ်တည်ပါ။

၂။ ခရမ်းချဉ်သီးအခွံများကွာလာလျှင် တူနဲ့အခွံများကို ဖယ်ပါ။ ထို့နောက် အိုးထဲကို ဆီ ထည့်ပါ။ ကြော်ထားသောကြက်သွန်နီကိုခြေထည့်ပါ။ အရောင်တင်မှုန့်ထည့်ပါ။ အစပ်ကြိုက်လျှင် ငရုတ်သီးမှုန့်ပါထည့်ပါ။ ပုဇွန်ခြောက်မှုန့်နှင့် ငပိကိုထည့်ပါ။ ငရုတ်သီးကို ထက်ခြမ်းခွဲရျ်ထည့်ပါ။ (ငရုတ်သီးကိုမွှေးရုံပဲထည့်မယ်ဆိုလျှင် ဆီပြန်လာမှထည့်ပါ။)

၃။ ရေခန်းပြီး ဆီပြန်လာသည်အထိ လုံးပါ။ ဆီပြန်လာလျှင် နံနံပင်အုပ်ရျ် မီးဖိုပေါ်မှချပါ။

၄။ စားကောင်းပြီး မြန်ဆန်တဲ့အိစံအိမ်မှာ အမြဲချက်စားနေတဲ့နည်းပါ။

Credit : Facebook Shares

Ingredients

Directions