ပင်လယ်စာသင်္ဘောသီးထောင်း (အလွယ်နည်း)

1

ပင်လယ်စာ သင်္ဘောသီးထောင်းကတော့ လွယ်လွယ်ကူကူဝယ်လို့ရတဲ့ ပင်လယ်စာတွေနဲ့ပြုလုပ်ထားပါတယ်။ အိစံ ပြုလုပ်နည်းထဲမှာတော့ ပုဇွန်၊ငါး၊ ကဏန်းသားချောင်းတွေထည့်ထားပါတယ်။ ပြည်ကြီးငါးကြိုက်ရင်လဲထည့်လို့ရပါတယ်။ အိစံတော့ ကြိုက်လွန်းလို့၃ ရက်ဆက်တိုက်လောက် ထောင်းစားပလိုက်တယ်။ သူငယ်ချင်းတို့လဲလုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ (၂ ပွဲစာ)

၁။ သဘောၤသီးခြစ်ဖြင့် ခြစ်ထားသော သဘောၤသီး - တရုတ်ထမင်းစားပန်ကန်လုံး ၂ လုံးစာ (သင်္ဘောသီးခြစ်တဲ့ ခြစ်ကို ပုံမှာတွေ့ရပါတယ်။လှိုင်းအတွန့်ပါတဲ့ခြစ်)

၂။ ခြစ်ထားသော မုန်လာဥနီ - အနည်းငယ်

၃။ ငပိ - လက်ဖက်ရည်ဇွန်း တဝက်

၄။ သကြား - လက်ဖက်ရည်ဇွန်း တဝက်

၅။ ထန်းလျက်ခဲ - ၃ ခဲ

၆။ ငရုတ်သီးစိမ်း - ၁၂ တောင့်

၇။ ကြက်သွန်ဖြူ - ၇ မွှာ

၈။ သံပုရာသီး - ၆ စိတ်

၉။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ

၁၀။ ပုဇွန် - ၇ ကောင်

၁၁။ ကဏန်းအသားချောင်း - ၂ ချောင်း

၁၂။ ငါး - ၅ ကျပ်သား

၁၃။ ခရမ်းချဉ်သီး - ၁ ခြမ်း

၁၄။ မြေပဲလှော် - ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)

လုပ်နည်း

၁။ ခရမ်းချဉ်သီး ၁ ခြမ်းကို လေးပိုင်းပိုင်းထားပါ။ ပုဇွန်ကိုအခွံခွာရျ် ၃ မိနစ်ခန့်ပြုတ်ပြီး အအေးခံထားပါ။ ငါးကိုလဲ ၂ မိနစ်လောက်ပြုတ်ပြီး အအေးခံထားပါ။ ကဏန်းအသားချောင်းကို အရွယ်တော်လှီးထားပါ။

၂။ ငရုတ်ဆုံကြီးကြီးတခုထဲကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ သကြား နှင့် ငပိတို့ကိုထည့်ရျ် ညက်နေအောင် ထောင်းပါ။ ညက်ပြီဆိုလျှင် ထန်းလျက်(သို့)ကြံသကာကိုထည့်ထောင်းပါ။

၃။ ပြီးလျှင် သံပုရာသီးစိတ်များကိုထည့်ပြီး အရည်များထွက်အောင် ငရုတ်ကြည်ပွေ့ဖြင့် အတွင်းသားဖတ်ကို ဖိခြေလိုက်ပါ။ (မထောင်းရပါ။)

၄။ သံပုရာရည်များထွက်လာပြီဆိုမှ ခြစ်ထားသော သင်္ဘောသီး၊ မုန်လာဥနီကိုထည့်ထောင်းပါ။ (သံပုရာသီး အဖတ်များ မပစ်ပဲထောင်းတဲ့အထဲထည့်ထားပါ။) သင်္ဘောသီးတို့မုန်လာဥနီတို့ထည့်ပြီးပြီးဆိုလျှင် လက်တဖက်က ထောင်းနောက်လက်တဖက်က ဟင်းခတ်တဲ့ဇွန်းကြီးကြီးကို ကိုင်ပြီးငရုတ်ဆုံအထက်အောက် သမအောင်လှန်ပေးပါ။

ထို့နောက် ယိုးဒယားငံပြာရည်ထည့်၊ မြေပဲလှော်တို့ကိုထည့်ရျ် သမအောင်ထပ်ထောင်းပါ။ ပုဇွန်၊ ငါးနှင့် ကဏန်းအသာချောင်းတို့ကိုထည့်ရျ် ဖွဖွလေးထောင်းပါ။ နောက်ဆုံးမှ ခရမ်းချဉ်သီးကိုထည့်ရျ်ထောင်းပါ။

အပေါ့အငံမြည်းရျ် ပင်လယ်စာသင်္ဘောသီးထောင်းကို သုံးဆောင်နိုင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions