ရှမ်း ထမင်းဝါ လုပ်နည်း

1

ဆန်

နနွင်း

ဆား

ကြက်သွန်ဖြူ / ကြက်သွန်နီ

ခရမ်းချဉ်သီး (ကြိတ်ထားပါ)

ရှမ်းပဲပုတ်အမှုန့်

ငြုပ်သီးတောင့် အခြောက် (ကြော်ထားပါ)

ဂျူးမြစ်

=======
ပြုလုပ်နည်း
=======

ဆန်ကိုရေဆေးပြီး နနွင်းမှုန့် ၊ ဆားအနည်းငယ် တို့ကို ထမင်းပေါင်းအိုးဖြင့် ရေအနည်းငယ် ပိုထည့်ကာ ချက်ပါ ။ ရှမ်းဆန် သုံးပါက ပိုကောင်းပါသည် ။

ထမင်းကျက်ပါက (အာလူးကြိုက်လျှင် ပြုတ်ပြီး ထမင်းနှင့် အတူတူရောပြီး) အလုံးလေး လုံးပါ ။ လက်ကို ထမင်းများ မကပ်အောင် ဆီကျက်လူးပြီး လုံးပါ ။

အနှစ်အတွက် ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို အရင်နွန်းအောင် ကြော်ပါ ။ ထိုနောက် ခရမ်းချဉ်သီး ၊ ရှမ်းပဲပုတ်အမုန့် ၊ ဆားအနည်းငယ် ၊ ဟင်းခပ်မုန့် အနည်းငယ် တို့ကို ထည့်ပါ ။ အပေါ့ အငန် ကိုလိုသလို ထည့်ပါ ။

ပြီးလျှင် ဂျူးမြစ် ၊ ငြုပ်သီးခြောက် တို့နှင့် သုံးဆောင်နိုင်ပါပြီ ။

ဂျူးမြစ်လေးကို ငြုပ်သီး ၊ ပုဇွန်ခြောက် တို့နှင့် ကြော်စားနိုင်သလို အချဉ်ရည်ဟင်းထဲ ထည့်စားလည့်း ကောင်းပါတယ် ။

Credit : Facebook Shares

Ingredients

Directions