သရက်သီးသနပ်ပြုလုပ်နည်း

1

၁။ သရက်သီးခြောက် - ၂ ပိဿာ

၂။ နံ နံစေ့ - ၁၀ ကျပ်သား

၃။ ဇီရာ - ၃ ကျပ်သား

၄။ ပဲနံ့သာ - ၂ ကျပ်သား

၅။ ဆား - ၃ ကျပ်သား

၆။ ဖာလာစေ့ - ၁ ကျပ်သား

၇။ ငရုတ်သီးအစိမ်းမှုန့် - ၂ ဆယ်သား

၈။ ဘိန်းစေ့ - ၅ ကျပ်သား

၉။ မုန်ညင်းစေ့ - ၅ ကျပ်သား

၁၀။ ကရဝေးရွက် - ၂ ကျပ်သား

၁၁။ နံနံပွင့် - ၂ ကျပ်သား

၁၂။ ဆီ - ၁ ပိဿာ

၁၃။ ကြက်သွန်ဖြူ - ၂၅ ကျပ်သား (အခွံခွာပြီး အစိတ်စိတ်ပါ)

========
ပြုလုပ်နည်း
========

သရက်သီးသနပ် အချို၊ ချဉ်စပ်ကို ရင်ကွဲသရက်သီးစစပေါ်ချိန် မရင့်မီ အစေ့မရှပ်ခင် အသီးနုချိန် (၃)လက်မ၊ (၄)လက်မအရွယ်လောက်မှာ အခွံခွာ၊ အစေ့ထုတ်၊ ပါးပါးလှီး၊ ရေဆေး၊ ဆားစိမ်မယ်။

ဆားနဲ့ တစ်ညနှပ်မယ်။ ပြီးရင် နေ နှစ်ရက်လှန်းပြီး ရလာတဲ့သရက်သီးခြောက်ကို နံနံစေ့၊ ဇီရာ၊ပဲနံ့သာ၊ ဖာလာစေ့၊ ကရဝေးရွက်၊ နံနံပွင့် ရောကြိတ်ထားတာနဲ့ ဘိန်းစေ့၊ မုန်ညင်းစေ့၊ ငရုတ်သီးအစိမ်းမှုန့်တို့ကို သမအောင် မွှေမယ်။

ဇလုံတစ်ခုထဲမှာ ရောမွှေထားတာများကို သရက်သီးဖတ်မပေါ်အောင် ဆီအမြုပ်ထည့်၍ အပေါ်မှ ကြက်သွန်ဖြူဖြူးလိုက်ပါ။

• သရက်သီးသနပ်အချိုစားချင်ပါက သကြား(၁၀)ကျပ်သားထည့်ပြီး အထက်ပါနည်းအတိုင်းပြုလုပ်သုံးဆောင်နိုင်ပါပြီ။

• သရက်သီးအစိမ်းသနပ်ပြုလုပ်ချင်တယ်ဆိုရင် သရက်သီးအချို၊ ချဉ်စပ်တို့နဲ့ ပါဝင်ပစ္စည်း ပမာဏတူပေမယ့် ပြုလုပ်နည်းမှာ နည်းနည်းကွဲပါတယ်။

သရက်သီးအစိမ်းသနပ်အတွက် ရင်ကွဲသရက်သီးအရင့် အလုံးကြီးတစ်လုံး ကို အခွံမခွာဘဲ တစ်လက်မအရွယ်ရှစ်စိတ်၊ ကိုးစိတ်လှီးကာ ရေဆေးပြီး ဆားစိမ်မယ်။

ဆားနဲ့တစ်ညနှပ်ပြီး နေကိုနေ့တစ်ဝက်ပဲလှန်းပါ။ သရက်သီးအချိုနဲ့ ချဉ်စပ်ပြုလုပ်နည်းအတိုင်း ပြုလုပ်၍ သုံးဆောင်ပါ။

Credit : Facebook Shares

Ingredients

Directions