ဘဲဥ နှင့်ကုလားပဲ သီးစုံဟင်းချက်နည်း

1

သီးစုံ ကုလားပဲ ဟင်းဆို လျင် ငါးခြောက်ဖြင့် များသော အားဖြင့် ချက်တတ်ကျပါတယ်။ စည် ကတော့ ဘဲဥ အရသာလေးနဲ့ အသီးအနှံ့စုံလင် စွာပါဝင်သော ဒီဟင်းလေးကို ဟင်းတစ်ပွဲတည်းနှင့် အရသာလဲရှိ ဗီတာမင်လဲ စုံလင်စွာရရှိစေရန် ပြန်လည် ချက်ပြုတ်ထားပါတယ်။

ပါဝင်ပစ္စည်းများ
==========

ဘဲဥ ၁၀ လုံး (ပြုတ်ထားပြီး အခွံခွာထားပါ၊ အကာကို အနည်းငယ် မွန်းထားပါ)

ကုလားပဲ ခွက် ၁ ခွက် (ပြုတ်ထားပါ)

ပျင်းတော်သိန်းရွက် ၂ ပင် (အရွက်တွေ ချွေထားပါ)

ဆား လိုသလောက်

မန်းကျီးနှစ် ၁ ဇွန်း ခွဲ စားပွဲဇွန်း

ကြက်ပြုတ်ရည် ၄ -၅ ခွက်

===========
ဟင်းအနှစ်လုပ်ရန်
===========

နေကြာဆီ ၄ ဇွန်း စားပွဲ ဇွန်း

ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးထားပါ)

ကက်သွန်ဖြူ ၃ မွှာ (ပါးပါးလှီးထားပါ)

ချင်း လက်မအရွယ် (ပါးပါးအရှည်လှီးထားပါ)

နနွင်းမှုန့် ၁ ဇွန်း လက်ဖက်ဇွန်း

အရောင်တင်မှုန့် ၂ ဇွန်း ခွဲ လက်ဖက်ဇွန်း

ငရုတ်သီးစိမ်း ၃ တောင့် (အစေ့ထုပ်ပြီး အနေတော် လှီးထားပါ)

ငံပြာရည် ၁ ဇွန်း ခွဲ စားပွဲဇွန်း

ဇီယာစေ့ ၁ ဇွန်း လက်ဖက်ဇွန်း

အသီးအနှံ့များ

မုန့်လာဥ ၁ ဥ (အခွံခွာ ပြီး အတုံးအနေတော် တုံးထားပါ)

ပဲသီးတောင့်ရှည် ၈ ( လက်နှစ်ဆစ် လောက်အရွယ်တွေပိုင်းထားပါ)

ပန်းဂေါ်ဖီ တစ်ဝက်ပွင့် (အနေတော်လေးတွေ လှီးထားပါ)

ရုံးပတေးသီး ၈ တောင့် (ခေါင်းလှီးပြီး နှစ်ပိုင်းပိုင်းထားပါ)

ခရမ်းသီး ၂ လုံး (အခွံခွာပြီး အနေတော် အတုံးတွေ တုံးထားပါ)

အာလူး ၃ လုံး (အခွံခွာပြီး အနေတော် အတုံးတွေ တုံးထားပါ)

နံနံပင် ၃ ပင် (အနေတော် လှီးထားပါ)

=======
ပြုလုပ်နည်း
=======

ဒယ်အိုး ထဲ နနွင်းမှုန့် အနည်းငယ် နှင့် ဆီ ထည့်ပြီး ဆီပူအောင်တည်ပါ။ ဆီပူလာလျင် မွန်းထားသော ဘဲဥများ ထည့်ပြီး ရွှေရောင်သန်းပြီး ကျွတ်လာသည် အထိတည်ပါ။

ပတ်လည် ကျွတ်အောင် အိုးကို အနည်းငယ် လှုပ်ပေးပါ။ တစ်လုံးလုံး ကျွတ်ပြီး ရွှေရောင်သန်းလျင် ရပါပြီး။ ဘဲဥများဆီအိုးထဲ မှ ဆယ်ထားပါ။

ဘဲဥကြော်ထားသော ဆီလက်ကျန်ဖြင့် ဆီသတ်ရန်ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး ဆီသတ်ပါ။ ကြက်သွန် နွမ်းပြီး ရွှေရောင်သန်းပြီး အနံမွှေးလျင် ရပါပြီး။'

ပြုတ်ထားသော ကုလားပဲ၊ အားလူး၊ မုန့်လာဥ၊ ပျင်းတော်သိန်းရွက် နှင့် ကြက်ပြုတ်ရည် များထည့်ပြီး ဆူရုံ ၁၀ မိနစ်လောက်တည်ပါ။ ပြီး လျင် ဘဲဥများထည့်ပါ။

ကျန်ပါဝင် အသီးအနှံ့များပါထည့်ပြီး အသေချာ ဖွဖွလေး နံ့အောင် မွှေပေးပါ။ ရေဆူအောင်တည်ပါ။ မန်းကျီးအနှစ်ထည့်ပြီး အရသာနှံ့အောင်မွှေပါ။

အရည် အနည်းငယ် ပြစ်လာလျင် ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။ အပေါ်မှနေ နံနံပင် ထပ်အုပ်ပြီး ပူပူလေး ထမင်းဖြင့် တွဲဖက်သုံးဆောင်လို့ရပါတယ်။

Credit : Facebook Shares

Ingredients

Directions