မုန်လာချဉ် လုပ်နည်း

1

မုန်လာဥဖြူ ၃ စည်း (၁၂လုံး)

မုန်လာဥနီ ၂ လုံး

ငရုတ်သီး အနည်းငယ် (မထည့်လဲရ)

သကြား ၂၅ ကျပ်သား

ရှာလကာရည်(ဗီနီဂါ) ဘူးသေး ၁ ဘူး

ရေသန့် ၁လီတာဗူး တစ်ဝက်

ဆား လက်တစ်ဆုပ်

အရင်ဆုံး သကြား ၂၅ ကျပ်သားကို ရေသန့်နဲ့အရည်ကြိုထားရပါမယ်.. သကြားတွေ ပျော်သွားပြီဆိုရင် မီးဖိုမှချပြီး အအေးခံထားပါ..

မုန်လာဥနီ/ဖြူ များကို အခွံခွာပြီး ဆားရေနဲ့ ဆေးပစ်ပါ.. ပြီးမှ ကြိုက်သလို လှီး ဖြတ်တောက်ပြီး စကာတစ်ခုထဲ ရေစစ်ထားပါ..

အေးသွားပြီဖြစ်တဲ့ သကြားရည်ကြိုထဲကို ရှာလကာရည်ရောလိုက်ပါ.. ဆားအနည်းငယ်ထည့်ပြီး ရောသမမွှေလိုက်ပါနော်..

ပြီးရင်တော့ ခုနက ဖြတ်တောက်လှီးထားတဲ့ မုန်လာဥတွေကို ဘူးထဲအရင်ထည့်ပြီး (ရှာလကာ+သကြား+ဆား)အရည်တွေကို မုန်လာဥတွေမြုပ်တဲ့ထိထည့်လိုက်ပါ..

အပြင်မှာ ၈နာရီအနည်းဆုံးထားပြီး စားသုံးနိုင်ပါပြီ..

စားပြီးရေခဲသေတ္တာထဲထည့်သိမ်းထားရင် အကြာကြီးခံပါတယ်..

PS : ငရုတ်သီးများထည့်ပါက မလှီးပဲထည့်ပါ.. လှီးလိုက်လျှင် ကြာရှည်မခံတတ်ပါ..

သကြားရည်ကိုလဲ ဆန္ဒမစောပဲ အေးမှရှာလကာရည်ရောပါ.. ဓါတ်ပျက်ပြီးစားမကောင်းတတ်လို့ပါ..

ENJOY !!!!! 😉

Credit : Facebook Shares

Ingredients

Directions