ပုဇွန်လုံးချိုချဉ်ကြော်နည်း

1

ပုဇွန်လုံးချိုချဉ်အတွက် ပုဇွန်ကျော့ ၃၀ကျပ်သားခန့်ကို ခေါင်းဖြုတ်အခွံခွာကာ ရေဆေးပြီး နုတ်နုတ်စင်းထားပါ။

ကြက်သွန်ဖြူ ၂မွှာခန့်ကို ထောင်း၊ ဆား tea ၁ဇွန်း၊နနွင်းအနည်းငယ်၊အချိုမုန့်အနည်းငယ်တို့ကို ပုဇွန်ထဲထည့်ကာရောနယ်ထားပါ။

ထို့နောက်အိုးထဲသို့ ဆီအသင့်အတင့်ထည့်ကာ အပူပေး၍ ပုဇွန်များကို စိတ်ကြိုက်အနေ လုံးကာ ရွှေညိုရောင်သန်းလာအောင်ကြော်ကာပုဇွန်လုံးများကို ပန်းကန်တစ်ခုဖြင့်ခပ်ထားပါ။

ရွှေပဲတောင့်၁၅တောင့်ခန့်ကို ထိပ်ဖျားနှစ်ဘက်ဖြတ်၊မုန်လာဥနီ တစ်လုံးကိုအခွံခွာ ပါးပါးလှီး၊ ပြောင်းဖူးငယ် ၅ခုကို မထူမပါးလှီးထားပါ။

ကြက်သွန်ဖြူ၃မွှာ ကြက်သွန်နီ ၁လုံးကို မထူမပါးလှီးထားပါ။

ပုဇွန်ကြော်ထားသော ဆီကို အိုးထဲတွင် ဟင်းခပ်ဇွန်း ၁ဇွန်းခန့်သာချန်၍ ကျန်ဆီများအား ပန်းကန်ဖြင့်ခပ်ထားပါ။

ထို့နောက်အိုးထဲသို့ လှီးထားသောကြက်သွန်များထည့်ကာဆီသပ်ပါ။

အရွက်များထည့်ကာ အစိမ်းနံပျောက်ရန် အဖုံးခဏအုပ်ပေးပါ။

ပြီးလျင် ပုဇွန်လုံးထည့်၊ပဲငံပြာရည် tea ၃ဇွန်းခန့်ထည့်ပါ။သကြား tea၂ဇွန်း ၊ဆား tea ၁ ဇွန်း၊ဗီနီကာရည် ဟင်းခပ်ဇွန်း ၂ဇွန်းထည့်ကာ မွှေ ပေးပါ။

အနံမွှေးလာရင် ရေမိမိလိုချင်သည့်အနေထည့်ပြီးဆူပွက်အောင်တည်ပါ။ထို့နောက် ကော်မှုန့် ဟင်းခပ်ဇွန်း ၂ဇွန်းခန့်ကို ရေအေးအနည်းငယ်ဖြင့်ဖျော်၍ထည့်ကာမွှေပေးနေပါ။

ဟင်းရည် ထပ်မံဆူပွက်လာပါက အရသာမြည်းကာချလို့ရပါပြီရှင့်

မှတ်ချက်။ ။အသီးအရွက်များထည့်ရာ တွင် ခရမ်းချဉ်သီးအပါအဝင် အခြားမိမိကြိုက်နှစ်သက်သည့်အသီးအရွက်များလည်းအသုံးပြုနိုင်ပါသည်။

Credit : Facebook Shares

Ingredients

Directions