ကြက်ဗူးဆီပြန်ရေကျဲဟင်းချက်နည်း

1

ဘူးသီးကို အခွံခွာကာ အတုံးတုံးထားပေးပါ။

ကြက်သားနဲ့ချက်တာထက် ကြက်ရိုးနဲ့ချက်ရင် အရသာပိုကောင်းလို့ ကြက်ရိုးနဲ့ ချက်ထားပါတယ်။

ကြက်ရိုးများအား ဆား အချိုမှုန့်နယ်ထားပေးပါ။

ကြက်သွန်နီ လှီးထားပါ။ ငရုတ်ခြောက်အနီတောင့် နှင့် ကြက်သွန်ဖြူ ၅မွှာလောက်ကိုထောင်းထားပါ။

လှီးထားသော ကြက်သွန်နီကို ဆီသပ်ပါ။

ကြက်သွန်အရောင်ပြောင်းလာရင် ထောင်းထားသောကြက်သွန်ဖြူနှင့်ငရုတ်ခြောက်နီတောင့်တို့ကိုထည့်ပြီး ဆက်၍ ဆီသပ်ပါ။

ဆီသပ်နေစဉ် အနံကပိုမွှေးစေဖို့ ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ကို ထည့်မွှေပေးပါ။

ပြီးမှ အရသာနယ်ထားသော ကြက်ရိုးများ ထည့်ပြီးမွှေပေးပါ။

ခနအကြာမှ ဘူးသီးများ နှင့် ကြက်သားမှုန့် အနည်းထည့်ပြီး တည်ပေးပါ။

ရေထည့်စရာမလိုပါဖူး။ ဘူးသီးက အရည်တွေထွက်ပါတယ်။

ချက်လို့ ဘူးသီးကထွက်လာတဲ့ အရည်က နည်းနေရင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။

ခနအကြာ ဟင်းအိုးဆူလာပြီး အဆီပြန်လာရင် ရပါပြီ။

တွဲဖက်အနေနဲ့ ငပိရည် တို့စရာ - သရက်သီးစိမ်းလေးတို့ 🙂

အရမ်းလိုက်ဖက်တဲ့ ဟင်းပါဘဲ။

Credit : Facebook Shares

Ingredients

Directions