ရှုးရှဲခရမ်းချဉ်သီးပန်ထွေဖျော်နည်း

1

ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ငပိစိမ်းစား မီးကင်ထားပေးပါ။

မီးကင်ထားပြီးသားဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်း ပုဇွန်ခြောက်တွေကိုထောင်းထားပါ။

ခရမ်းချဉ်သီး အခွံ့ကွဲသည်အထိ ပြုတ်ပါ။

ခရမ်းချဉ်သီးအခွံကွဲပြီး နူးလာပြီဆိုရင် ဇကာနဲ့ဆယ်ပြီး ရေစစ်ထားပေးပါ ( အချို့ကမီးဖုတ်ပါတယ် မီးဖုတ်ချင်တယ်ဆိုလည်း ရပါတယ်နော် )

ရေစစ်ထားသောခရမ်းချဉ်သီးကို ဇွန်းနဲ့ကျေအောင်ချေပေးရပါမယ်။

အပေါ်မှထောင်းထားတာတွေထည့်ပါ။ မီးကင်ထားသောငပိထည့်ပါ။

ကြက်သားမှုန့်ထည့်မွှေပြီး မြည်းကြည့်ပါ။

အချဉ်ပေါ့ရင် သံပုရာသီးညှစ်ထည့်ပါ။ နံနံပင် ကြိုက်သူများ နံနံပင်ညှပ်ထည့်ပါ။

ထမင်းစားမြိန်ပြီး အသားဟင်းနဲ့တောင်မလဲနိုင်တဲ့ ဟင်းတစ်ခွက်ရပါပြီ။

Credit : Facebook Shares

Ingredients

Directions