ငါးငပိရည်ချက်ဆီပြန်ဟင်းချက်နည်း

1

နှစ်သက်ရာငါးအသုံးပြုလို့ရပါတယ်။

ငါးတုံးအား ဆား ဆနွင်း အချိုမှုန့်နယ်ထားပေးပါ။

ကြက်သွန်နီ ငရုတ်သီးစိမ်း ခရမ်းချဉ်သီး လှီးထားပါ။

ကြက်သွန်ဖြူ ၅မွှာလောက်ကိုထောင်းထားပါ။

ငါးပိရည် ကို ဆနွင်း နှင့် စားနိုင်သလောက် ရေပမာဏထည့်ပြီးကြိုထားပါ။

ငါးပိရည်ရပြီဆို အရိုးစစ်ပြီး ငါးပိရည် ယူထားပေးပါ။ လှီးထားသော ကြက်သွန်နီကို ဆီသပ်ပါ။

ကြက်သွန်အရောင်ပြောင်းလာရင် ခရမ်းချဉ်သီး ငရုတ်စိမ်းမှုန့် နှင့် ထောင်းထားသောကြက်သွန်ဖြူ ထည့်ပြီး ဆက်၍ ဆီသပ်ပါ။

ခရမ်းချဉ်သီး အနည်းငယ် ပျော့လာရင် အရသာနယ်ထားသောငါးတုံးများ ထည့်ပါ။

ငါးအသားများမာလာပြီဆိုမှ ငရုတ်သီးစိမ်း နှင့် အရိုးစစ်ထားသောငါးပိရည် နှင့် ကြက်သားမှုန့် အနည်းထည့်ပြီး ဆူပွက်လာပြီး အဆီဝေ့လာသည်အထိ တည်ပေးရုံပါဘဲ။

မီးဖိုပေါ် အိုးချခါနီးမှ နံနံပင်အုပ်ပါ။

Credit : Facebook Shares

Ingredients

Directions