ဝက်သားကြံမဆိုင်ချက်နည်း

1

ဝက်သားကို ရေဆေးပြီး ကြိုက်နှစ်သက်သလို အတုံးလေးတွေတုံးပါ။ပြီးလျှင် ဆား၊ငံပြာရည်၊နနွင်း တို့ဖြင့် ရောနယ်ကာနာရီဝက်ခန့်နှပ်ထားပါ။

ပြီးနောက်ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ဂျင်းနှင့် ငရုတ်တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက ငရုတ်သီးအရောင်တင်မှုန့်အနည်းငယ်ထည့်ပါ။ပြီးနောက် နှပ်ထားသော ဝက်သားများကိုထည့်မွှေ၍ အိုးမကပ်အောင်မပြတ်မွှေကာ ဆီပြန်လာသည်အထိ မွှေပေးပါ။

ပွက်ပွက်ဆူလာလျှင် ရေမြုပ်အောင်ထည့်၍ တည်ထားပါ။မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများ ပွက်ပွက်ဆူလာကာ ရေခမ်းပြီးဆီပြန်လာလျှင် အနေတော်အရွယ် လှီးထားသော ကြံမဆိုင်များကို ထည့်ပြီးမွှေပေးပါ။

အသားနူးမနူးမြည်းကြည့်ပြီး မနူးသေးပါက ရေအနည်းငယ်ထည့် ပြီး နူးအောင်ထပ်တည်ထားပါ။အသားများနူးပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကာ အရသာကောင်းမွန်သော ဝက်သားကြံမဆိုင်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

မူရင်း = ဒေါ်ပုလက်ရာ

Credit : Facebook Shares

Ingredients

Directions