( နှင်းပုလဲ ) ကြက်ကြော်ထမင်းပေါင်း နည်း
ဗမာကြက် (၅၀/၆၀ ကျပ်သားအရွယ်) ၂ကောင် တစ်ကောင်ကို လေးပိုင်း ပိုင်းပြီး
အချိုမှုန့် ဆားနနွင်း ဂျင်းရည်များများဖြင့်နယ်ပြီး အနည်းဆုံးနာရီဝက်ခန့်နှပ်ထားပါ
ဟင်းအနှစ်ချက်ရန်
ကြက်သွန်နီကြီးကြီး ၁၀ လုံး
ကြက်သွန်ဖြူ ၄မွှာ
ဂျင်း လက်တစ်ဆစ်ခန့်
အသင့်ကြော်ထားပြီးသား
ကြက်သွန်နီကြော် ဟင်းခပ်ဇွန်း ၄ ဇွန်းခန့်
မဆလာမွှေး လဘက်စားဇွန်းတစ်ဝက်
ကြက်သားမှုန့် နှစ်သက်သလိုချိန်ဆထည့်ပါ
ကြက်သွန်နီများပါးပါးလှီးထားပါ
ဂျင်းကြက်သွန်ဖြူ အနည်းငယ်ညက်အောင်ထောင်းထားပါ
ဆီများများကိုပူအောင်တည်ပါ
ဆီပူလာရင် ကြက်သွန်လှီးထားတာ
ကြက်သွန်ဖြူနဲ့ဂျင်းထောင်းထားတာထည့်ပြီးဆီသတ်ပါတယ်
ကြက်သွန်ရေခြောက်ပြီးထောင့်လေးတွေ
ဝါရောင်သန်းလာရင်(မနီဘူးနော်) နနွင်းနဲနဲ အရောင်တင်နဲနဲထည့်
ခဏမွှေ ပြီးရင် ကြက်သွန်နီကြော်ထည့်ပါ
ကြက်သားမှုန့့်ထည့်ပါ ရေအနည်းငယ်ထည့် ပြီး
ကိုယ်လိုချင်တဲ့ အနှစ်အနေအထားရောက်တဲ့ထိတည်ပါ
(ရေအရမ်းမခြောက်ဖို့ သတိထားပါ )
ချခါနီး မဆလာလေးအုပ်လိုက်ရင် ရပါပြီ
ဟင်းအနှစ်အဆင့်သင့်ဖြစ်ပြီဆို
အရသာနယ်ပြီးနှပ်ထားတဲ့ကြက်ကို မီးပြင်းပြင်းနဲ့ဆီမြုပ်အောင်ကြော်ပါ
ကြော်နေစဉ် မီးအပူချိန်ကို လိုအပ်သလိုညှိပေးပါ
Credit : ရွှေမြိုင်သူရဲ့ ရွှေလက်ရာ
Credit : Facebook Shares
Ingredients
Directions