ဆိတ်သားထောင်းအစပ်မဆလာ

1

ဆိတ်သား.. .............၃၀ကျပ်သား

ကြက်သွန်နီ.. ............၃လုံး

ကြက်သွန်ဖြူ..............၅တက်

ချင်းသေးသေး............၁တက်

ငရုတ်သီးခွဲကြမ်း.........၂ဇွန်း

ဒံပေါက်မဆလာ..........၁ဇွန်း

ဆိတ်သားတွေကိုရှလကာရည်အနည်းငယ်နှင့်နယ်ပြီးဆေးကြောပါ။

ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့်အနည်းတို့ဖြင့်အရသာနယ်ပါ။

အိုးတစ်လုံးအတွင်းမှာအရသာနယ်ထားသောဆိတ်သားတွေထည့်ပါ။ချင်းသေးသေး၁တက်ကိုဓားပြားရိုက်ထည့်ပြီးနှုးသည်အထိပြုတ်ပါ။
(ရေအနည်းငယ်လေးသာကျန်ပါစေ)

ထိုစဉ်အတွင်းကြက်သွန်နီ၊ကြက်သွန်ဖြူတို့ကိုပါးပါးလှီးထားပါ။

ငရုတ်သီးခွဲကြမ်းမှုန့်ရအောင်ကြိတ်ထားပေးပါ။

ပြုတ်ထားတဲ့ဆိတ်သားတွေကိုထောင်းပါ။အမျှင်လေးတွေရအောင်လက်ဖြင့်ဖွာပေးပါ။

ဆား၊ဟင်းခတ်မှုန့်၊ ငရုတ်သီးခွဲကြမ်းမှုန့်၊ဒံပေါက်မဆလာတို့ဖြင့်တဖန်နယ်ထားပါ။

ဒယ်အိုးတစ်လုံးအတွင်းမှာဆီအနည်းငယ်ကိုအပူပေးပါ။

ဆီပူလာလျှင်ကြက်သွန်နီ၊ ဖြူ တို့ကိုနွမ်းအောင်ဆီသတ်ပါ(မကြွပ်စေရ။ မကျွမ်းစေရ။ )

မွှေးလာလျှင်အရသာနယ်ထားတဲ့ဆိတ်သားအမွှတွေကိုထည့်ကြော်ပါ။

ရေခမ်းသွားသည်အထိကြော်လျှင်လုံလောက်ပါပြီ။

ခပ်စိုစိုအနေအထားပုံစံမျိုးသာဖြစ်ပြီးမခြောက်စေရန်(သို့) မကြွပ်သွားစေရန်ဂရုပြုပေးရပါမယ်။

Credit : Facebook Shares

Ingredients

Directions