ငါး ချဉ်စပ် ဟင်း
ငါးက်ုအကြေးခွံထိုးဗိုက်ခွဲရေဆေးသန့်စင်ပါတယ်။
သံပုရာသီး၂စိတ်ဆားနနွင်းတို့ကိုရောနယ်ပြီးငါးကိုပွတ်နယ်ပြီး၅မိနစ်လောက်ခဏထားပြီးရေစင်စင်ဆေးချပါတယ်။
အညှီအချွဲတွေပျောက်အောင်ပါ။ရေခဏစစ်ထားပြီး မီးဖိုးချောင်သုံးစက္ကူနဲ့သုတ်ပြီးငါးက်ုဆားနနွင်းငရုတ်ကောင်းနဲ့နယ်ပြီနာရီဝက်ခန့်နှပ်ထားပါတယ်။
နှပ်ထားတဲ့အချိန်မှာ အနှစ်အတွက်ပြင်ဆင်ထားပါတယ်။
ကြက်သွန်ဖြူ ၆မွှာ နုတ်နုတ်စင်း
ဂျင်း လက်တစ်ဆစ် ။
ကြက်သွန်မိတ် ၃ပင် ။
သစ်ဂျပိုး သေးသေး
နာနတ်ပွင့် ။
ငရုတ်ခြောက် ၅ခု
ငရုတ်ကြမ်းဖတ် အနည်းငယ်
ငရုတ်နှစ် ထမင်းစားဇွန်း ၁ဇွန်း
ငရုတ်ချဉ်ပဲငပိနှစ် ။
ပဲငံပြာရည်
သကြား
ငံပြာရည်
ရှလကာရည်
ကော်မှုန့် အနည်းငယ်စီလိုအပ်ပါတယ်။
စချက်ဖို့အတွက်အိုးထဲကိုဆီစားပွဲတင်၁ဇွန်းထည့်ပြီးပူလာလျှင်ငါးကိုထည့်ပြီး တဖက်ကို၃မိနစ်စီကြော်ပါတယ်။
အရေပြားတင်းရုံလောက်ပါ။ပြီးရင်ဆယ်ထားပြီးကျန်တဲ့ဆီထဲကိုငရုတ်အကြမ်းဖတ်နဲ့ငရုတ်ခြောက်ထည့်ကြော်ပါတယ်။
အနံမွှေးလာလျှင်ဆယ်ထားပြီးအ်ုးထဲသို့ကျန်တဲ့ပစ္စည်းတွေဖြစ်တဲ့ကြက်သွန်ဖြူဂျင်းငရုတ်နှစ်သစ်ကြပိုးနာနတ်ပွင့်ထည့်ဆီသတ်ပါတယ်။
မွှေးလာမှငရုတ်ချဉ်၊ငံပြာရည်၊ပဲငံပြာရည်သကြားထည့်မွှေပြီးခဏကြာမှရေနို့ဆီဗူးတဝက်ခန့်ထည့်ပြီးဆူအောင်တည်ပါတယ်။
ဆူလာမှမီးလျော့ပြီးငါးကိုထည့်ကာအိုးထဲမှအရည်ကိုဇွန်းနဲ့ခက်ပြီးငါးပေါ်လောင်းချပေးပါတယ်။အဖုံးအုပ်ထားပြီး၅မိနစ်တခါလောက်အဖုံးဖွင့်ကာငါးပေါ်ကိုလောင်းချပေးပါ။
၂ဖက်မျှပြီးအရသာဝင်အောင်ပါ။မိနစ်၂၀လောက်ကြာပြီဆိုငါးလဲကျက်ပြီးမို့ဖြေးဖြေးဆယ်ပြီးပန်းကန်ထဲထည့်ပါ။
အိုးထဲမှ ကျန်တဲ့အရည်ထဲကိုကြက်သွန်မိတ်ထည့်မွှေပါ။ဆယ်ထားသောငရုတ်ခြောက်များထည့်ပါ။
နောက်ဆုံးမှာ ကော်မှုန့်ရေဖျော်ထည့်ပြီးမွှေကာ ငါးပေါ်သို့လောင်းချကာ ငါးချဉ်စပ် ပေါင်းဟင်းတစ်ခွက်ရပါပြီ ရှင်။ ဈေးသက်သာပြီး ထမင်းနဲ့စားစားဒီတိုင်းစားးစားစားကောင်းတဲ့ဟင်းတစ်ခွက်ပါ။
Credit : ချက်ကြည့်ကြစို့
Credit : Facebook Shares
Ingredients
Directions