အုန်းနို.ခေါက်ဆွဲ
နံနက်အဆာပြေလုပ်စားနိုင်ရန် အုန်းနို.ခေါက်ဆွဲလေး တင်ပေးပါတယ်။အုန်းနို.ချစ်သူတွေ ကြိုက်ကြမယ်လို.မျှော်လင့်ပါတယ်။ အုန်းနို.နဲ.မတည့်ရင် နို.စိမ်းနဲ.လည်း ချက်နိုင်ပါတယ်။
ကဲ…ချက်ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
ဂျုံခေါက်ဆွဲ - ၁ စည်း (ပြုတ်ပြီး ရေစစ်ထားပါ)
ကြက်သား - ၂၀ သား (အတုံးသေးသေးလှီးပါ)
ဘဲဥ - ၃ လုံး (ပြုတ်ပြီး အခွံခွာ)
အုန်းနို.မှုန်. - ၉၀ ဂရမ်
ပဲအစိမ်းမှုန်. - စားပွဲတင်ဇွန်း ၃ စွန်းမောက်မောက်
ကြက်သွန်နီ - ၄ လုံး(ပါးပါးလှီး- တွဲစားရန်နှင့်ဆီသတ်ရန်)
ကြက်သွန်နီဥသေး - ၁၀ လုံး(အခွံခွာ)
ကြက်သွန်ဖြူ - ၅ မွှာ(ပါးပါးလှီး)
ဂျင်း - လက် ၂ ဆစ် (ပါးပါးလှီး)
ငရုတ်သီးအစိမ်းမှုန်.- စားပွဲတင်ဇွန်း ၁ စွန်း
နနွင်းမှုန်. - လက်ဖက်ရည်ဇွန်း ၁ ဝက်
ငံပြာရည် - စားပွဲတင်ဇွန်း ၂ စွန်း
ဆား - လက်ဖက်ရည်ဇွန်း ၂ စွန်း
ကြက်သားမှုန်. - လက်ဖက်ရည်ဇွန်း ၂ စွန်း
သကြား - စားပွဲတင်ဇွန်း ၁ စွန်း
ငရုတ်သီးအကျက်မှုန်. - အနည်းငယ်
မုန်.ကြွပ် - ၁ ထုပ် (ကြွပ်ကြွပ်လေးကြော်ထားပါ)
ပဲကြော် - ၇ ခု
=========
ချက်ပြုတ်နည်း
=========
အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီး ကြက်သွန်ဖြူနီ ဂျင်း ဆီသတ်ပါ။ ငရုတ်သီးမှုန်. နနွင်းမှုန်.ထည့်ပါ။
အနံ.မွှေးလာရင် ကြက်သားထည့်ပြီး ခဏလုံးချက်ပါ။
ဆား၊ကြက်သားမှုန်.အနည်းငယ်ထည့်ပါ။ပြီးရင် ကြက်သားနူးအောင် ရေထည့်ချက်ပါ။
ကြက်သားများနူးရင် ဒန်အိုးထဲပြောင်းထည့်ပါ။
ရေ ၅ ခွက်ထပ်ထည့်ပြီး ဆူအောင် တည်ပေးပါ။
ပွက်ပွက်ဆူလာရင် ပဲအစိမ်းမှုန်.ကို ရေ ၁ ခွက်နှင့်ကြေအောင်ဖျော်ပြီး လောင်းထည့်ပါ။
ဆက်တိုက်မွှေပေးပါ။
ပဲစိမ်းနံ.ပျောက်ရင် အုန်းနို.မှုန်.ထည့်ပြီး မွှေပေးပါ။အရသာအတွက် ငံပြာရည် ၊ ဆား ၊ သကြား ၊ကြက်သားမှုန်.ထည့်ပါ။
အရသာမြည်းပါ။ အရသာအဆင်ပြေရင် ကြက်သွန်နီဥလေးတွေ ထည့်ပြီး ၃ မိနစ်ခန်.တည်ပေးပါ။
ကြက်သွန်ဥများနူးရင် အုန်းနို.ဟင်းရည် ရပါပြီ။
အုန်းနို.ခေါက်ဆွဲပြင်ဆင်ရန်အတွက် ပန်းကန်ထဲသို.ခေါက်ဆွဲလက်တစ်ဆုပ်စာထည့်ပါ။
ကြက်သွန်နီ၊ ဘဲဥ၊ ပဲကြော်၊ အကြွပ်ကြော်ထည့်ပါ။
ပြီးရင် အုန်းနို.ဟင်းရည်ထည့်ပါ။ သံပုရာသီး ၁ စိပ်အရည်ညှစ်ထည့်ပါ။
အစပ်ကြိုက်ရင် ငရုတ်သီးအကျက်မှုန်.အနည်းငယ်ထည့်ပါ။
အခုဆိုရင် အရသာဆိမ့်ဆိမ့်လေးနဲ.စားလို.ကောင်းတဲ့ အုန်းနို.ခေါက်ဆွဲတစ်ပွဲ ရပါပြီ 😉
Kyaw Min Htwe
photo#credit
Credit : Facebook Shares
Ingredients
Directions