ခေါက်ဆွဲသုပ်

1

ရန်ကုန်မှာ မိုးဖြူသိတဲ့ ခေါက်ဆွဲသုပ်ဟာ ပုံစံ၂မျိုးရှိတယ်။ အချဉ်ရည်အနီနဲ့သုပ်တဲ့ခေါက်ဆွဲသုပ်ရယ် မန်ကျဉ်းမှည့်ရည်နဲ့သုပ်တဲ့ ခေါက်ဆွဲသုပ်ရယ်။

ခု ၂မျိုးလုံးရေးပေးလိုက်မယ်နော်။

ကြက်သွန်ဖြူဆီချက် ချက်ထားပါ။

ဂေါ်ဖီ သခွားသီး ကြက်သွန်နီ နံနံပင် အာလူးပြုတ် တို့ဖူ ရေနွေးဖျောထားတဲ့ပဲပင်ပေါက် ပဲပြားကြော် ပြင်ဆင်ထားပါ။

( ခေါက်ဆွဲချည်းဘဲလည်းသုပ်လို့ရပါတယ် ခုတော့အမယ်လေးတွေစုံသွားအောင် ခေါက်ဆွဲအစုံသုပ်လေး သုပ်မယ်နော် )

*************************
* အချဉ်ရည်အနီဖျော်နည်း*
*************************

ထန်းလျက် ၄လုံးကိုထောင်း။

မန်ကျဉ်းသီးကိုရေစိမ်ပြီး နယ် မန်ကျဉ်းဖတ်တွေလွင့်ပစ် အရည်ကိုယူ။

ငါးငံပြာရည် အနည်းငယ်ထည့် ကြက်သွန်ဖြူ ၃မွှာကိုညက်အောင်ထောင်းထည့် ငရုတ်အနှစ်အချဉ်ရည် ထမင်းစားဇွန်း ၅ဇွန်းလောက်ထည့်မွှေ။

ဒါကအချဉ်ရည်အနီဖျော်နည်းပါ။

**********************************
* မန်ကျဉ်းမှည့်အချဉ်ရည်ဖျော်နည်း *
**********************************

မန်ကျဉ်းမှည့်ကိုအရည်ဖျော် ကြက်သွန်ဖြူ ဂျင်း သကြား ငံပြာရည် ငရုတ်သီးစိမ်း အကုန်ရောပြီးဖျော်ထားတာပါ။

ချစ်တို့ကတော့ ခေါက်ဆွဲကို နှစ်သက်ရာအချဉ်ရည်နဲ့ဖျော်နိုင်ပါတယ်နော်။

ခေါက်ဆွဲရယ် အပေါ်က အစာပလာတွေရယ် ငံပြာရည် ပုဇွန်ခြောက်မှုန့် (သို့) အချိုမှုန့် ပဲမှုန့် (မကြိုက်ရင်မထည့်လည်းရ ) ငရုတ်သီးမှုန့် နဲ့ နှစ်သက်ရာအချဉ်ရည်ထည့်ပြီး သုပ်စားနိုင်ပါပြီနော်။

ဟင်းခါးကတော့ ဘူးသီး ပဲပင်ပေါက် ဂေါ်ဖီ မြင်းခွာရွက် ကြာရိုး နှစ်သက်ရာကို လှီးပြီး

အိုးထဲထည့် ငပိစိမ်းစား ပုဇွန်ခြောက်မှုန့် နဲ့ ငံပြာရည် ထောင်းထားသောကြက်သွန်ဖြူ ငရုတ်ကောင်းမှုန့် ရေအနည်းငယ်ထည့်ပြီး

ဆူတဲ့တည်ပေးရုံပါဘဲချစ်တို့ရေ …

ဟင်းခါးပူပူလေးနဲ့ခေါက်ဆွဲသုပ်လေး ပြောရင်းဗိုက်တောင်ဆာလာပြီကွယ် မိုးဖြူလည်းခေါက်ဆွဲခရေစီတစ်ဦးပါနော်

Credit : Facebook Shares

Ingredients

Directions