ကြက်ပေါင်းကြာဇံချဉ်စပ်ပြုတ်
ကြက်ပေါင်တစ်ခြမ်း သို့ ကြက်ရင်ပုံတစ်ခြမ်း ကို ရေစင်အောင်ဆေးပြီး ကြက်သားမှုန့်နယ်ထားပေးပါ။
ချက်မယ့်အိုးထဲသို့ ကြက်သား နှင့် ရေထည့်ပြီး ကြက်ပြုတ်ရည်ရအောင် ခပ်ကြာကြာလေးပြုတ်ပေးပါ။
ကြာဇံကိုနာရီဝက်ခန့်ကြိုတင်ရေစိမ်ထားပေးပါ။ ပြီးနောက်ဆယ်ယူရေစစ်ထားပါ။
နှစ်သက်ရာအသီးရွက် အသားလုံး လှီးထားပေးပါ။
ဘဲဥ ငုံးဥ တို့ကိုပြုတ်ထားပေးပါ။
ကြက်ပြုတ်ရည်ဆူလာရင်အပေါ်မှ ဝေ့တက်လာသော အမဲဖတ်များကိုဖယ်ရှားပေးပါ။
ပြီးမှ အသီးရွက်နှင့်အသားလုံးများထည့်ပါ။
ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူညက်အောင်ထောင်းထားတာထည့်ပါ။
ငရုတ်စိမ်းဖြင့်စားချင်သူများရှိပါက ဒီနေရာမှာ ငရုတ်သီးစိမ်းထောင်းထားတာထည့်ပါ။
ပြီးမှ ကြာဇံထည့်ပါ။
ကြက်သားမှုန့်ထည့်ပါ။
ဆူလာပြီဆို ကြက်သွန်မြိတ်အုပ်ပါ။
ဘဲဥခြမ်းထည့်ပါ။
ငရုတ်သီးမှုန့်ထည့်ပါ။
သံပုရာရည်ညှစ်ပါ။
Credit : Ma May Moe Phyu
Credit : Facebook Shares
Ingredients
Directions