ဝက်အူစုံအသည်းစုံဆီပြန်

1

ဝက်ကလီစာခေါ်အူစုံအသည်းစုံချက်ဖို့ဆိုရင်ကျောက်ကပ်ကလွဲအူမ၊အူ၊အသည်း၊သရက်ရွက်၊နှလုံး၊အဆုတ်၊အချင်းတိုင်၊အူချို တို့ကိုစုံနေအောင်အနည်းငယ်စီဝယ်ရပါတယ်(ကျောက်ကပ်ကအနံ့ဆိုးလို့ပါ)

အူစုံအသည်းစုံရောရာ.......၃၀ကျပ်သား

ကြက်သွန်နီ.....................၁လုံး

ကြက်သွန်ဖြူ ..................၅တက်

ချင်းကြီးကြီး....................၁တက်

အူစုံအသည်းစုံမှာအူနဲ့ပက်သက်တဲ့အရာတွေကိုသီးသန့်ထားပြီးဆေးပါ။မန်ကျည်းမှည့်ရည်အနှစ်နဲ့နယ်ပြီးဆေးပါ။

အူပါးတွေကို နှစ်ထပ်လောက်ထပ်ပေးပါ။

ကျန်တဲ့အစိတ်အပိုင်းတွေကိုသီးသန့်စီဆေးကြောပါ။

မိမိနှစ်သက်တဲ့အရွယ်အတုံးလေးများတုံးပြီးဗီနီကာ (သို့)မန်ကျည်းမှည့်ရည်တို့လောင်းထည့်ပြီးဆားအနည်းငယ်ထည့်ကာနာနာလေးနယ်ပြီးနောက်တစ်ကြိမ်ဆေးကြောပေးပါ။

ချက်မယ့်အိုးထဲသို့အူစုံအသည်းစုံအတုံးလေးများကိုထည့်ပါ။

ပါးပါးလှီးထားတဲ့ကြက်သွန်နီတွေထည့်ပါ။

ညှက်အောင်ထောင်းထားတဲ့ချင်း+ကြက်သွန်ဖြူ အရည်တွေညှစ်ထည့်ပါ။

အူစုံအသည်းစုံဟင်းဟာအနှစ်မလိုအပ်တဲ့အတွက်ကြက်သွန်နီများစွာသုံးခြင်း၊ချင်း၊ကြက်သွန်ဖြူအဖတ်တွေထည့်ချက်ခြင်းမျိုးရှောင်ကြဉ်ပါ။

ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်စိမ်းမှုန့်အနည်းငယ်ထည့်ပြီးနောက်တစ်ကြိမ်ခပ်နာနာလေးနယ်ပါ။

အိုးပတ်ပတ်လည်ကိုဆီအနည်းငယ်လောင်းထည့့်ပါ။

အဖုံးပိတ်ပြီးဆီပြန်လာအောင်ချက်ပါ။ ဆီပြန်လာလျှင်အိုးမကပ်စေရန်ရေအနည်းငယ်လေးသာထည့်ပါ။

နောက်တစ်ကြိမ်ဆီပြန်ပါစေ။ထိုနည်းအတိုင်း(၃)ကြိမ်လောက်ရေခမ်းအောင်ချက်ပေးရင်နူးပါပြီ။

နူးအိပြီဆိုမှမိမိနှစ်သက်တဲ့ရေပမာဏကိုထည့်ပြီး

တစ်ပွက်ဆူလျှင်မီးဖိုပေါ်မှချပါ။

မှတ်ချက်။ အနံ့အတွက်နာနတ်ပွင့်မှုန့်အနည်းငယ်ထည့်နိူင်ပေမယ့်ဆီပြန်ဟင်းဖြစ်တဲ့အတွက်မလိုက်ဖက်လှပါဘူး။ညှီနံ့ပျောက်စေရန်အတွက်ဆေးကြောသည့်အချိန်တွင်သာမန်ကျည်းမှည့်ရည်နှင့်သေချာနယ်ပြီးဆေးကြောရန်လိုအပ်ပါသည်။

Credit : ဟင်းချက်နည်းများ

Credit : Facebook Shares

Ingredients

Directions