သံပုရာသီးသနပ်

( ကျန်မာရေးနှင့်ညီညွှတ်ပြီးနုတ်မြိန်စေမည် )

1

၁ ။ သံပုရာသီး ၁၅ လုံး

၂ ။ စမုန်စပါး ၁ ဇွန်း ( ထမင်းစားဇွန်းဖြင့် )

၃ ။ ငရုပ်သီးအစိမ်းမှုန့် ( တဇွန် )

၄ ။ စားဆီ ၂၀ ကျပ်သား ( အနည်းငယ်တိုးထည့်လဲရ)

၅ ။ မုန်ညှင်းစေ့။ ဇီယာစေ့။မဆလာ။ ဆနွံး - နနွင်းမှုန့် (အသင့်အတင့်)

၆ ။ သကြား ၁ ဇွန်း ( လဖက်စားဇွန်းဖြင့် )

ရ ။ လေလုံသောဖန်ဗူး ( ကြာရှည်စွာစားသုံးရန် )

========
" ပြုလုပ်ပုံ "
========

သံပုရာသီးတွေကို ဆားနဲ့နယ်၍ ပုလင်းထဲထည့်ပါ။

နေပူမှာ သုံး လေးရက် ထုတ်လှမ်းပီး အငံရည်တွေကို သွန်ပစ်လိုက်ပါ။

အသီးကို လေးစိပ်စိပ်ပီး အစေ့တွေကို ထုတ်လိုက်ပါ။

အိုးထဲမှာဆီထည့်ပြီး မီးဖိုပေါ်မှာ ဆီဆူအောင်ထားပါ။

ဆီဆူလာရင် မီးပိတ်လိုက်ပီး စမုန်စပါး. မုန်ညင်းစေ့, ဇီယာစေ့, မဆလာ,ဆနွင်း,ငြုပ်သီးအစိမ်းမှုန့်,တို့ကိုထည့်မွှေပါ။

သံပုရာသီးစိပ် နဲ့ ကြက်သွန်ဖြူအမွှာလေးတွေကို ထည့်မွှေပါ။

သကြား လဖက်စားဇွန်းတဇွန်းထည့်ပါ။ ( အချဉ်ပေါ့စေဖို့ )

အားလုံးရောမွှေပီးရင် သံပုရာသီးသနပ်ရပါပြီ။

ပုလင်းနဲ့ထည့်ပြီး ရေခဲသေတ္တာထဲမှာထားပါ။ ( အကြာကြီးခံပါတယ် )

နံနက်ခင်း ထမင်းကြော်နဲ့ပဲစားစား,ဒံပေါက်နဲ့ပဲစားစား, ဆိတ်သား,ကြက်သားဟင်းနဲ့ပဲစားစား, ပဲကုလားဟင်းနဲ့ပဲစားစား အရမ်းကိုလိုက်ဖက်ပြီးကျန်းမာရေးနဲ့ညီညွှတ်သော သံပုရာသီးသနပ်ပါ။ ။

သံပုရာသီးကို မှိုမတက်အောင် ဆီမြုပ်အောင်ထည့်ပေးထားပါ။

ဆားထပ်မထည့်ရပါဘူး။ ဆားနယ်ပီးသားမို့ပါ။

မှတ်ချက်

အချဉ်ပေါ့ချင်ရင်တော့ လေးစိပ် အရင်ခွဲပီး ဆားနယ်, နေပူလှန်းပီးမှ ဆားရေသွန်ပီး ဆီသတ်ပေးပါ။

အချဉ်ကြိုက်သူဆိုရင်တော့ အလုံးလိုက်နေလှမ်းပီးမှလေးစိပ်ခွဲ ဆီသတ်တာပါ။ (ဒီနည်းလည်းပဲ သိပ်တော့ မချဉ်လှပါဘူး )

Credit : Myawadi

Credit : Facebook Shares

Ingredients

Directions