မာလာရှမ်းကော

အိမ်လုပ် မာလာရှမ်းကောမို့ ကိုယ်ကြိုက်နှစ်သက်တဲ့ အစာပလာ အစုံအလင်ထည့်ပြီ လုပ်စားနိုင်ပါတယ်။ ဝတ်ရည်က မာလာရှမ်းကော ဆော့ချက်နည်းပါ မျှဝေပေးထားပါတယ်။ လုပ်ရလည်းလွယ်ပြီ စားကောင်းတာမို့ ဘယ်လို ချက်စားမလဲဆိုတာ ကြည့်ကြည့်ရအောင်…

1

မာလာရှမ်းကော ငရုတ်သီး ဆီသပ်ရန် ပါဝင်ပစ္စည်းများ

• စီချွမ့်ငရုတ်ကောင်း - စားပွဲတင်ဇွန်း ၃ဇွန်း

• နတ်နတ်ပွင့် - ရခု

• ကလဝေရွက် - ၅ရွက်

• သစ်ဂျပိုး - ၄ခု

• လီမ္မော်ခွံခြောက် - ၁ခု

• ဇာလိဖိုလ်သီး - ၁ခု (ခြစ်တံဖြင့် အမှုန့်များ ခြစ်ထည့်ပေးပေးပါ)

• ဂျင်း - ၇ပြား

• ဖာလာ - စားပွဲတင်ဇွန်း တဝက်

• ငရုတ်သီးခြောက်နီ - ၅ခု (လက်မဝက်ရွယ်များ ပိုင်းဖြတ်ပါ)

--------------------------------
မာလာရှမ်းကော ချက်ရန် ပါဝင်ပစ္စည်းများ
--------------------------------

• ငရုတ်သီးဆီမွှေး - စားပွဲတင်ဇွန်း ၄ဇွန်း

• ကြက်သွန်ဖြူ - ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

• ငရုတ်သီးခြောက်နီ - ၁၀ခု (လက်မဝက် ရွယ်များပိုင်းဖြတ်ပါ)

• ဆား - စားပွဲတင်ဇွန်း ၁ဇွန်း

• အသားမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း

• အချိုမှုန့် - စားပွဲတင်ဇွန်း တဝက်

• မြေပဲနီ - ၁ထုပ် (အကျက်)

• နှမ်း - စားပွဲတင်ဇွန်း ၂ဇွန်းစာ (အပေါ်မှ ဖြူးရန်)

• ကြက်သွန်မြိတ် - စည်းဝက် (၁လက်မအရွယ်များပိုင်းဖြတ်ပါ)

• နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ)

--------------------------------
မာလာရှမ်းကော ပါဝင်သည့် အစာပလာများ
--------------------------------

• ကြက်သား (သို့) ဝက်သား - ၂၀၀ ဂရမ် (အရှည်ပါးပါးလှီးပြီ ဆား အနည်းငယ်နုယ်ထားပါ)

• မာလာခေါက်ဆွဲ အစိမ်း - စည်းဝက် (ရေစိမ်ထားပါ)

• မာလာခေါက်ဆွဲအဖြူ - စည်းဝက် (ရေစိမ်းပြီ အပြားအလယ်များ ပိုင်းဖြတ်ပါ)

• ခေါက်ဆွဲခေါက် - ၁ထုပ် (ပြုတ်ထားပေးပြီ ပြန်ဆယ်ထားပါ)

• ကြက်အူချောင်း(အစို) - ၅ချောင်း (အချောင်း လှီးထားပါ)

• ငါးသားလုံး - ၁၀လုံး (ထက်ခြမ်းခြမ်းပါ)

• ပဲထပ် - ၄ခု (အရှည်အတုံးများ လှီးဖြတ်ပါ)

• ကြာစွယ် - ၁ခု (အခွံနွှာပြီ ပါးပါးလှီးပါ)

• အာလူး - ၂လုံး (အခွံနွှာပြီ ပါးပါးလှီးပါ)

• အပ်မှို - ၁စည်း (အမြစ်ပိုင်း လှီးဖြတ်ပါ)

• ဂေါ်ဖီ - တစိတ် (ပိုင်းဖြတ်ပါ)

• မှိုနားရွက် - လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)

• ပဲလိပ် - လက်တဆုပ်စာ (ရေစိပ်ထားပြီ ထပ်ခြမ်းခြမ်းပါ)

• ကြက်သွန်မြိတ် - ၂စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)

• မုန့်ညှင်းစိမ်း - ၁စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)

• ကန်စွန်းရွက် - စည်းဝက် (ပိုင်းဖြတ်ပေးပါ)

• နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ)

--------------------------------
မာလာ ငရုတ်သီးဆီသပ် ချက်နည်း
--------------------------------

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(၄၀၀ ဂရမ်)ကို ထည့်ပါ။

၂။ ဆီပူလာလျှင် ဂျင်း၊ စီချွမ့်ငရုတ်ကောင်း၊ နတ်နတ်ပွင့်၊ ငရုတ်သီးခြောက်၊ ဖာလာ၊ ကလဝေရွက်၊ သစ်ဂျပိုး၊ လီမ္မော်ခွံ၊ ဇာလိဖိုလ်သီးမှုန့် တို့ကို ထည့်ပြီ ၁မိနစ်ခန့် ဆီသပ်ပေးပါ။

၃။ ပြီလျှင် ငရုတ်သီးခြောက်နီများ ထည့် ၁မိနစ်ခန့် ထပ်ဆီသပ်ပါ။

၄။ ထို့နောက် ဇကာဖြင့် ဟင်းခတ်အမွှေးအကြိုင် အားလုံးကို ဖယ်ထားလိုက်ပါ။

၅။ ဒယ်ထဲမှ ငရုတ်သီးဆီသပ်ကို ဒီအတိုင်းထားပါ။

--------------------------------
မာလာရှမ်းကော ချက်နည်း
--------------------------------

၁။ ခုနက ငရုတ်သီးဆီသပ်ထားသော ဒယ်ထဲသို့ ကြက်သွန်ဖြူများထည့်ဆီသပ်ပေးပါ။

၂။ ငရုတ်သီးဆီမွှေး၊ ငရုတ်သီးခြောက်နီများထည့်ပြီ ၁မိနစ် ဆီသပ်ပါ။

၃။ ကြက်သား(သို့)ဝက်သား၊ ကြက်သွန်မြိတ် များကို ထည့်ပြီ ရောမွှေပေးပါ။

၄။ (ကြက်အူချောင်း၊ ငါးသားလုံး၊ ဂေါ်ဖီ၊ ပဲလိပ်၊ မှိုနားရွက်၊ ပဲထပ်) တို့ကို ထည့်ပေးပြီ ရေ(၂၀၀မီလီလီတာ)ခန့် ထည့်ပေးပြီ အဖုံးအုပ်ပြီ ခဏတည်ထားပါ။

၅။ ရေခမ်းခါနီး (ခေါက်ဆွဲ ၃မျိုးလုံး) ၊ အာလူး၊ အရသာအတွက် (ဆား၊ အသားမှုန့်၊ အချိုမှုန့်) တို့ကို ထည့်ပြီ နောက်ထပ် ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ် တည်ထားပါ။

၆။ ထို့နောက် (ကြာစွယ်၊ ကန်စွန်းရွက်၊ မုန့်ညှင်းရွက်၊ အပ်မှို) တို့ကို ထပ်ထည့်ပေးပါ။

ရ။ နောက်ဆုံးမှ မြေပဲထည့် ရောမွှေ။ အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်၊ နှမ်းများ ဖြူးပေးပါ။

၈။ အရသာရှိစွာဖြင့် မာလာရှမ်းကော ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ…
--------------------------------
crd မူရင်းတင်သူ

Credit : Facebook Shares

Ingredients

Directions