မျှစ် ငါးကျည်း ငါးပိချက်
ဒီရာသီမှာ မျှစ်ချို နုလေးတွေပေါလာတာကြောင့်
မျှစ်ငါးပိချက် ချက်စားကြရအောင် ။
မျှစ်ငါးပိချက်ကို မျှင်ငါးပိ(ပုစွန်ငါးပိ/စိမ်းစားငါးပိ)၊ငါးငါးပိတို့နဲ့ချက်လို့ရတယ်။
မျှစ်ချို နု အတုံးလိုက်ကလေးတွေကို ရေဆေးပြီးလေးစိတ်စိတ်ပါ။
မျှင်ငါးပိနဲ့ချက်မယ်ဆိုရင် မျှင်ငါးပိကို ပျစ်ပျစ်လေး ရေဖျော်ထားပါ။
ငါးငါးပိနဲ့ချက်မယ်ဆိုရင် ငါးငါးပိကိုကျို ပြီးစစ်ထားပါ။
မန်ကျည်းမှည့်ကို ရေစိမ်ထားပါ။
ကြက်သွန်ဖြူ +နီနဲ့ငရုတ်သီးထောင်းထားပါ။
ငါးကျည်းအကောင်တန်တန်တွေကို ကိုင်တွယ်သန့်စင်ပြီး
ဆား၊နနွင်းမှုန့်၊ငံပြာရည်၊Dashi(အချိုမှုန့်သုံးရင်အချိုမှုန့်)
နည်းနည်းစီထည့်နယ်ထားပါ။
အိုးထဲကို မျှစ်တုံးတွေ၊ငါးကျည်း၊ငရုတ်သီးထောင်းထားရယ်၊
ငရုတ်သီးစိမ်းထဲက အမှည့်အနီရောင်အတောင့်ကိုထက်ခြမ်းခွဲထားတာရယ်၊
ဆီနည်းနည်းရယ်ထည့်ပြီး မီးဖိုပေါ်တင်ပါ။
ဗျစ်ဗျစ်မြည်လာရင် မကပ်အောင်အသာမွှေပေးပါ။
ငရုတ်သီးစိမ်းနံ့ပျောက်ရင် ရေမြု ပ်ရုံလေးထည့်တည်ပါ။
ငါးနဲ့မျှစ်က သိပ်မတည်ရဘဲ မြန်မြန်ကျက်ပါတယ်။
ငါးနဲ့မျှစ်ကျက်ရင် ငါးပိဖျော်ထားတာလောင်းထည့်ပါ။
မျှင်ငါးပိရဲ့သဘောက အစောကြီးကတည်းကထည့်ထားရင် ခါးသက်သက်ဖြစ်တတ်လို့ကြာကြာမတည်ရပါဘူး။
မန်ကျည်းမှည့်ရည်လောင်းထည့်ပါ။
မန်ကျည်းရည်ရဲ့သဘာဝက အသီးအရွက်မနူးခင်ထည့်မိရင်
အဲဒီအသီးအရွက်တွေ မနူးတော့ဘဲ စိမ်းဆတ်ဆတ်ကြီးဖြစ်နေတတ်ပါတယ်။
ဆူပွက်လာရင် အရသာလိုသလိုမြည်းပြီး
ပင်စိမ်းရွက်နဲ့ရှမ်းနံနံပါးပါးလှီးထားတာလေးထည့်မွှေပြီး ချပါမယ်။
အဲဒီအရွက်တွေကို စောစောထည့်ရင် အရွက်အရောင်မည်းသွားသလို
အနံ့လည်းလျော့သွားတတ်လို့နောက်ဆုံးမှထည့်ပါတယ်။
Credit link : https://m.facebook.com/story.php?story_fbid=1131054356933172&id=624725784232701
Credit : Facebook Shares
Ingredients
Directions