ဝက်အူချောင်း ခရမ်းသီးနှပ်

1

ရေဦးဝက်အူချောင်းလေးတွေနဲ့ ခရမ်းသီးကို ရောနှပ်ထားတာပါ ..

ခရမ်းသီးနှပ်ကို နှပ်နည်းလေးတွေ ကွဲပြားတဲ့အနက် ကျမက လုံးပြီးနှပ်ထားတဲ့အတွက် အင်မတန်လုပ်ရလွယ်ကူပါတယ် ..

ခရမ်းသီးအရှည် အစိမ်းရောင်လေးတွေကို မိမိနှစ်သက်ရာပုံစံလှီးဖြတ်ထည့် ,

ဝက်အူချောင်းကို ခပ်စောင်းစောင်းလေး ပါးပါးလှီးထည့် ,

ကြက်သွန်အဖြူအနီ ငရုတ်ပွ ထောင်းထားတာထည့် ,

ပုဇွန်ခြောက်မှုန့် , ပဲငံပြာရည် , ငပိစိမ်းစားလေး ဇွန်းဖျားလောက် , ဆနွင်းမှုန့် အနည်းငယ် ,

ပဲဆီ , အားလုံးရောကာ ဒယ်အိုးထဲထည့်ပြီး

အရသာတွေဝင်အောင် အသာအယာ ဆုပ်ညှစ်ပြီးနယ်ပါတယ် ..

ခရမ်းသီးလေးတွေပါ တောင့်မနေတော့ပဲ နယ်ရင်းက ပျော့အိလာပါတယ် ..

အဲဒိအခါ မီးဖိုပေါ်တင် လုံးချက်ရုံပါပဲ ..

ဆီပြန်ပြီး ကြက်သွန်နှစ်ကျက်လာတဲ့အခါ အိုးမကပ်သွားအောင် ရေလေး ၁ဇွန်း ၂ဇွန်းထည့်ပါ ..

အထက်အောက်လှန်မွှေပါ ..

ခရမ်းသီးမနူးမချင်း ရေကို ဇွန်းနဲ့ပဲ နဲနဲချင်းထည့်ကာ ထက်အောက်လှန်ပြီး လုံးချက်ပါ ..

ခရမ်းသီးလေးတွေ နူးပြီဆိုရင်တော့ ရေခြောက်ပြီး အိုးအောက်ခြေမှာ ဆီပြန်ချိုးတူးနံ့လေး ထွက်လာတဲ့အထိထားပြီးမှ မီးပိတ် အိုးကို မီးဖိုပေါ်ကချထားပါ ..

အပူရှိန်နဲ့ ဆက်ကပ်နေမှာစိုးလို့ပါ ..

အနံ့လေးမွှေးကြိုင်ပြီး အရသာရှိလှပါတယ် ..

ဝက်သားမစားသူများ ဝက်အူချောင်းမထည့်ပဲ ..

ဒီနည်းအတိုင်း နှပ်လို့ရပါတယ် ..

....

အိမ်ရှင်မလက်ရာ

Credit : Facebook Shares

Ingredients

Directions