ထမနဲ ထိုးနည်း

ထမနဲ ထိုးနည်း...

1

ထမနဲ အချိုး
°°°°°°°°°°

ဒီအချိုးဟာ ရှေးမြန်မာလူကြီးများလက်ဆင့်ကမ်းလာတဲ့အချိုးဖြစ်သလိုဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံဝတ္ထု ထဲမှာလည်းဖော်ပြထားတာတွေ့ရပါတယ် ( စကားချပ် )

(၁) ကောက်ညှင်းဆန်.......(၄)ပြည်

(၂ )မြေပဲ.......................(၈၀) ကျပ်သား..

(၃)နှမ်းဆီ(သို့)မြေပဲဆီ.... (၁)ပိဿ

(၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား

(၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား..

(၆) ဆား.........................(၇) ကျပ်သား.

(၇) ချင်း..........................(၁၅) ကျပ်သား

ထမနဲမထိုးခင်ကောက်ညှင်းဆန်တွေကိုရေဆေးပြအနည်းဆုံး (၃) နာရီခန့်ကြိုတင်ရေစိမ်ထားရပါမယ်။

မြေပဲတွေကို လှော်ပြီးအခွံတွေပြောင်စင်နေအောင်သန့်စင်ပါ ။

၂ ခြမ်းကွဲသွားအောင်လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။(အလွယ်သုံးမြေပဲဆားလှော်တွေမသုံးပါနှင့် )

နှမ်းတွေကိုလည်းသန့်စင်ပြီး(လိုအပ်ပါက) လှော်ထားပါ။

အုန်းသီးတွေကို အနေတာ်ပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ(၃)နာရီလောက်ဇကာနှင့်ဖြန့်လှန်းထားပါ။

ချင်းတွေကိုအခွံခွါ ရေဆေးပြီးမျှင်မျှင်လေးတွေလှီးပါ။

ရေစိမ်ထားတဲ့ကောက်ညှင်းတွေကို ဇကာနှင့်ရေစင်အောင်စစ်ထားပါ။

ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီးအုန်းသီးတွေကိုရွှေအိုရောင်ရအောင်ကြော်ပြီးဆီစစ်ထားပါ ။

ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ။

အနံ့မွှေးပြီးနွမ်းလာလျှင်ရေစစ်ထားတဲ့ကောက်ညှင်းဆန်တွေထည့်ပေါင်းကာသစ်သားယောင်းမအရှည်နှင့်မွှေပေးပါ ( ကြော်ချင်ဟန်ပြု ပါ )

ဆီနဲ့တွေ့ပြီးကောက်ညှင်းတွေအကြောတင်းသွားပြီဆိုမှဆားဖြင့်အရသာသွင်းပါ။

ကောက်ညှင်းဆန်အထက်ရေလက်၂ဆစ်ခန့်ထည့်ပြီးစကောကြီးကြီးများကိုလက်ကိုင်ကွင်းတပ်ထားသောအဖုံးများနှင့် ဖုံးထားပါ ။

ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ်တစ်ခါလောက်ယောင်းမနှင့်နှံ့အောင်မွှေပေးရပါမယ်။

ရေခမ်းသွားပြီဆိုရင်တော့ မီးတောက်တွေကိုလျှော့ချပြီးငှက်ပျောဖက်အုပ်အဖုံး၊ ဖုံးကာနှပ်ပေးရပါမယ်။

ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို့နှပ်ပြီဆိုကာမှ သစ်သားယောင်းမကိုင်ပြီးမွှေသူ၂ဦးရဲ့ယောင်းမအရင်းကနေကိုင်ပြီးကောက်ညှင်းတွေကိုပွတ်ချေပေး ရပါတယ်( ထိုအလယ်လူနေရာကိုထမနဲကျွမ်းကျင်သူအိုးသူကြီးများတာဝန်ယူတာများပါတယ် )

ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို့)အစိမ်းများကို ထည့်ကာ သမသွားအောင်နယ်ပေးပါမှ ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ်။

(မှတ်ချက်)ကျွန်တော့်ငယ်ဘဝနှစ်စဉ်အိမ်မှာထမနဲ ထိုးတော့မိုးဗြဲဒယ်ကြီးတွေတည်ဖို့မြေကြီးကိုတွင်းတူးပြီးအုတ်နီခဲများနဲ့ခနောက်ဆိုင်ပြုလုပ်ကာ မီးဖို(ယာယီပြုလုပ်တတ်ပါတယ် )

ဒီလိုပြုလုပ်တာဟာ မီးအရှိန်ကြောင့်လူပင်ပန်းမှုကိုသက်သာစေသလို လေတိုက်နှုန်းတွေကြောင့်မီးညွန့်တွေမလှုပ်ရှားစေပဲထိရောက်တဲ့အပူရှိန်ကိုရရှိစေတယ်လို့ဆိုပါတယ်။

နယ်တဲ့အချိန်လည်းထိုကြွင်းမျိုးမှာပြုလုပ်လေ့ရှိပါတယ်။

အားနဲ့အင်နဲ့ပြုလုပ်( နယ်တဲ့အချိန်မှာလည်းဒယ်အိုးအောက်ခြေငြိမ်ပြီးယောင်းမကိုင်သူရော ကြိတ်ချေသူကိုပါသက်သာစေသလို မုန့်ကိုလည်းမိမိလိုချင်တဲ့အနေအထားရောက်တယ်လို့ထမနဲအိုးသူကြီးများထံမှမှတ်သားဖူးပါတယ်။

ထမနဲထိုးနည်းကဗျာ
°°°°°°°°°°°°°°°°°°

ရှေးစာပေတွေထဲမှာတွေ့ရတဲ့ထမနဲချိုးနည်းကဗျာလေးပါ။ဗဟုသုတရစေဖို့ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ထမနဲ ထိုးရန်ဖို့ စာချိုးလို့မှာခဲ့မယ်...

တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်

တစ်ပိဿာ ဆီအမှန်သွင်းပါလို့

ချင်း( ဂျင်း) က သုံးဆယ်

မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်

အုန်းသီးဆန်အတူဖတ်ပါလို့

နှမ်းမပြတ်ဤနည်းနှယ်

ရေစင်ကြည်ပထည့်ရိုး

လက်နှစ်သစ်သာပ၊တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်

ရောနှောကလူအများတို့ရယ်

အားသစ်လို့ထိုး။

( အမည်မသိစာဆို)

Credit--- Win Naing Thein

Credit: Facebook Share

Ingredients

Directions