ပဲပုတ် နှင့် ကြက်သား အာလူးဟင်း

ပဲပုတ် နှင့် ကြက်သား အာလူးဟင်းပါ။ ချိုစိမ့်တဲ့ ကြက်သား၊ အာလူး အရသာကို ရသာကို ရရှိမှာပါ။ ထမင်းမြိန်မယ့် ဟင်းလျာ တခွက်ပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ ချက်ကြည့်ရအောင်…

1

ကြက်ပေါင် – ၄၀၀ ဂရမ် (အတုံးလတ်များ တုံးပါ)

အာလူး – ၄လုံး (လက်မဝက်အရွယ် အတုံးများ တုံးပါ)

ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)

ပဲပုတ် – ၂ခု (ငရုတ်ဆုံဖြင့် ညက်နေအောင် ထောင်းထားပါ)

ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စင်းပါ)

ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ငရုတ်သီးမှုန့် – လဖက်ရည်ဇွန်း တဝက်

နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)

ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)

စပါးလင် – ၂ခု (မညက်တညက်ထောင်းပြီ ချည်ထားပါ)

ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ရေ – ၃ခွက်

ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

--------------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇလုံထဲတွင် (ကြက်သား၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ဆနွင်း၊ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီး၊ ပဲပုတ်၊ စပါးလင်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီမှ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလျှင် ရောနုယ်ထားသော ကြက်သား၊ ခရမ်းချဉ်သီးအားလုံးကို လုံးပြီ ၂မိနစ်မှ ၃မိနစ်ထိ ချက်ပေးပါ။

၃။ ထို့နောက် အာလူး၊ ရေ(၃ခွက်) ထည့်ကာ အဖုံးအုပ်ပြီ ၁၅မိနစ်ခန့် ကြက်သား နှင့် အာလူးနူးသည်အထိ တည်ထားပေးပါ။

၄။ အသားနူလျှင် အရသာအပေါ့အငံ့ မြည်းပြီ နံနံပင်၊ ကြက်သွန်မြိတ်များ ဖြူးကာ မီးပိတ်လိုက်ပါ။

၅။ အရသာ ရှိပြီ အနံ့မွှေးသော ပဲပုတ်နှင့် ကြက်သား အားလူးဟင်းကို သုံးဆောင်နိုင်ပါပြီ…

#crd
Wutyee Food House
---------------------------------------------

Credit: Facebook Share

Ingredients

Directions