ကွေ့တီယိုသုပ်

အလွယ်ကူ ကွေ့တီယိုသုပ် ပြုလုပ်နည်း

1

ကြက်အရိုး သို့ ဝက်အရိုးကို ကြက်သွန်ဖြူ အခွံခွာထားသောမုန်လာဥဖြူ၂လုံး ငရုတ်ကောင်းမှုန့် နံနံပင်အမြစ် ပဲငံပြာရည်အကြည် ခရုဆီ သကြား နှင့် ဆား အနည်းငယ် ထည့်ပြီး ၁နာရီခွဲခန့်ပြုတ်ပေးရပါမယ်။

အပေါ်မှ ဝေ့တက်လာတဲ့ အနှစ်ဖတ်အမည်းများကို ခပ်ထုပ်ပေးပါ။ ပြီးမှနှစ်သက်ရာ ပုဇွန် ပဲသွေး ကြက်သားလုံး ဝက်သားလုံး ငါးဖယ်လုံး များကို ထည့်ပြုတ်ပါ။

ကန်စွန်းရွက် ဆလက်ရွက် ပဲပင်ပေါက် အစိမ်းနံ့ပျောက်စေရန် တို့ကို ရေနွေးဖျောပေးထားပါ။ ကွေ့တီယိုခေါက်ဆွဲကို အရိုးပြုတ်ရည်ထဲ၂မိနစ်ခန့်ပြုတ်ပြီး ပြန်ဆယ်ထားပါ ( အသားပြုတ်ရည်ကောင်းမှ ပြုတ်မယ့် ခေါက်ဆွဲအရသာကောင်းမှာပါ ) အရမ်းပျော့နေအောင်ပြုတ်ဖို့မလိုပါဖူး။

ပြင်ဆင်ပုံကတော့ ပန်းကန်ထဲသို့ ကွေ့တီယိုခေါက်ဆွဲ အရွက်များ အသားလုံးများ ထည့်ပါ။ ပဲငံပြာရည်အကျဲ ငရုတ်သီးမှုန့် ထောင်းထားသောမြေပဲလှော်မှုန့် ငံပြာရည် ငရုတ်ကောင်းမှုန့် ဆီချက် နှင့် အရသာမှုန့် ထည့် နယ်ပါ (အရောင်မဲသွားတာမကြိုက်ရင် ပဲငံပြာရည်အကျဲ ထည့်စရာမလိုပါဖူး ) ဘဲဥ နှင့် ဝက်ခေါက်ကြော်ကိုလည်း ထည့်စားနိုင်ပါသည်။ ဟင်းရည်ပူပူလေး နဲ့ အရမ်းလိုက်ဖက်တဲ့ ကွေ့တီယိုသုပ်လေးရပါပြီ။

Credit : Ma May Moe Phyu
Photos @ Credit

Credit: Facebook Share

Ingredients

Directions