အာလူးချဉ်စပ်ဆီပြန်

အာလူးချဉ်စပ်ဆီပြန်

1

အာလူးကို ဒီတစ်ခေါက်ပုံစံတစ်မျိုးလေးချက်ထားပါတယ်။

အာလူးကိုအခွံခွာ လေးစိတ်စိတ်ပြီး ဆားလေးနဲ့နယ်ပြီးနှပ်ထားပါ။

ကြက်သွန်နီတစ်လုံးကို ညက်အောင်ထောင်းပြီး ဆီသပ်ပါ။

ကြက်သွန်အရောင်ပြောင်းလာပြီဆိုမှ ငရုတ်အကြမ်းဖက်မှုန့်ထည့် ပြီးမှ အာလူးထည့် ဆားနဲ့အချိုမှုန့်ထည့် ရေအနည်းငယ်ထည့်ပြီးတည်ပါ။

အာလူးလည်းအိပြီး ရေခမ်းခါနီး အနှစ်တွေရပြီဆိုမှ မန်ကျည်းမှည့်အရည်အနည်းငယ်ထည့်ပါ။ ချဉ်ချဉ်စပ်စပ်လေးစားလို့ပိုကောင်းတာပေါ့နော် 🙂

သက်သက်လွတ်မစားချင်တဲ့သူတွေကတော့ ဆီသပ်နေတဲ့အချိန် ငံပြာရည်တစ်ဇွန်းထည့်ပြီးဆီသပ်ပါ။ နောက်ဆုံးမှ မဆလာလေးအုပ်လိုက်ရင်တော့ ပိုပြီးအနံ့မွှေးတာပေါ့နော်။

#မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။

Credit: Facebook Share

Ingredients

Directions