အစုံသုပ်

အစုံသုပ်..

1

ခေါက်ဆွဲကတော့ဆိုင်ကဝယ်ထားတာပါ။

ကြာဇံပြုတ်နည်းပြောပြပါ့မယ်။

ကြာဇံကို နာရီဝက်ခန့်ရေစိမ်ပြီး ရေပြန်စစ်ထားပေပါ။ ရေနွေးပွက်ပွက်ဆူနေတဲ့ထဲကို ပဲငံပြာရည် ၂စက်လောက်ထည့်ပါ။ ပြီးမှ ကြာဇံကိုထည့်ပါ။ ပျော့ပြဲနေအောင်မပြုတ်ရပါဖူး။ ချက်ချင်းရေနွေးထဲနှစ်ပြီး တအောင့်ကြာလေးတင် ပြန်ဆယ်ယူပေးရပါမယ်။ ဒါမှ ကြာဇံက ပြတ်မထွက်မှာပါ။ ပြီးတော့ ဇကာဖြင့် ဆယ်ပြီး ရေစစ်ယူထားပေးပါ။

ကြက်သွန်ဖြူဆီချက် ချက်ထားပါ။ ဂေါ်ဖီ သခွားသီး ကြက်သွန်နီ နံနံပင် အာလူးပြုတ် တို့ဖူး ရေနွေးဖျောထားတဲ့ပဲပင်ပေါက် ပဲပြားကြော် ပြင်ဆင်ထားပါ။

* အချဉ်ရည်အနီဖျော်နည်း

ထန်းလျက် ၄လုံးကိုထောင်း။ မန်ကျဉ်းသီးကိုရေစိမ်ပြီး နယ် မန်ကျဉ်းဖတ်တွေလွင့်ပစ် အရည်ကိုယူ။ ငါးငံပြာရည် အနည်းငယ်ထည့် ကြက်သွန်ဖြူ ၃မွှာကိုညက်အောင်ထောင်းထည့် ငရုတ်အနှစ်အချဉ်ရည် ထမင်းစားဇွန်း ၅ဇွန်းလောက်ထည့်မွှေ။ ဒါကအချဉ်ရည်အနီဖျော်နည်းပါ။

* မန်ကျဉ်းမှည့်အချဉ်ရည်ဖျော်နည်း

မန်ကျဉ်းမှည့်ကိုအရည်ဖျော် ကြက်သွန်ဖြူ ဂျင်း သကြား ငံပြာရည် ငရုတ်သီးစိမ်း အကုန်ရောပြီးဖျော်ထားတာပါ။

ကြာဇံ ခေါက်ဆွဲ အပေါ်ကအစာပလာတွေရယ် ငံပြာရည် ပုဇွန်ခြောက်မှုန့် (သို့) အချိုမှုန့် ပဲမှုန့် (မကြိုက်ရင်မထည့်လည်းရ ) ငရုတ်သီးမှုန့် နဲ့ နှစ်သက်ရာအချဉ်ရည်ထည့်ပြီး သုပ်စားနိုင်ပါပြီနော်။

ဟင်းခါးကတော့ ဘူးသီး ပဲပင်ပေါက် ဂေါ်ဖီ မြင်းခွာရွက် ကြာရိုး နှစ်သက်ရာကို လှီးပြီး အိုးထဲထည့် ငပိစိမ်းစား ပုဇွန်ခြောက်မှုန့် နဲ့ ငံပြာရည် ထောင်းထားသောကြက်သွန်ဖြူ ငရုတ်ကောင်းမှုန့် ရေအနည်းငယ်ထည့်ပြီး ဆူတဲ့တည်ပေးရုံပါဘဲ။

#မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။

Credit: Facebook Share

Ingredients

Directions