ရှောက်ဖတ်ငပိထောင်း

ရှောက်ဖတ်ငပိထောင်းနည်းလေးပါ။
သွေးတိုးရှိတဲ့သူလဲစားလို့ရတယ်။
ဆီမြှုပ်အောင်ထည့်ထားရင်အကြာကြီးလဲခံတယ်။
အလုပ်သွားရတဲ့သူတွေတစ်ပတ်စာထောင်းထား
ရင်ထမင်းမြိန်မြိန်စားလို့ရတယ်။
အဝေးကသူကိုအများကြီးထောင်းပြီးလက်ဆောင်ပေးလဲကိုယ့်ကိုအမြဲငပိထောင်းနဲ့တွဲပြီးသတိရနေလိမ့်မယ်
အရမ်းခံတွင်းမြိန်ပါတယ်။

1

ငပိကောင်းကောင်း၁၀သား

ငရုတ်သီးစပ်စပ်ကြိုက်ရင်များများ(မွှေးအောင်လှော်ထားပါ။

ကြက်သွန်ဖြူဗမာဥ၅လုံး

အချိုမှုန့်အနည်းငယ်

ဆားအနည်းငယ်

ရှောက်သီးစိမ်းစိမ်းအနေတော်၁လုံး

(ရှောက်သီးကအဝါရောင်သန်းပြီးမှည့်နေရင်အရည်ရွှမ်းလို့မကောင်းပါ။ခါးတတ်သည်။)

ငပိကိုမွှေးရုံလေးမီးကင်ပါ။

တူးသွားရင်ခါးပြီးငပိအနံ့လည်းသိပ်မမွှေးတော့ပါ။

ငရုတ်သီးစိမ်းလဲမွှေးအောင်လှော်ပါ။

ကြက်သွန်ဖြူလဲလှော်ပါ။

ငရုတ်သီး၊ကြက်သွန်ဖြူက်ုမညက်တညက်ထောင်း ပြီးရင်ငပိပါအချိုမှုန့်အနည်းငယ်နဲ့ထောင်းပြီးမှ

ရှောက်သီးကိုအခွံခွာပြီးအဖတ်ကလေးများမျှင်ပါ။

ဆားအနည်းငယ်နှင့်နယ်ပြီးငပိထဲထည့်ထောင်းပါ။

နှံ့ှရုံဖွဖွလေးထောင်းပါ။

ရှောက်သီးဖတ်တွေကြေမသွားစေရ။

ပြီးရင်ဗူးလေးထဲထည့်ပြီးအပေါ်ကဆီမြှုပ်အောင်ထည့်ထားရင်အကြာကြီးထားစားလို့ရပါတယ်။

ကျမကတခါထောင်းရင်အများကြီးထောင်းပြီးအကြာကြီးထားစားပါတယ်

ရေခဲသေတ္တာထဲထားရင်ပိုကောင်းပေမယ့် ဒီအတိုင်းအခန်းအပူချိန်မှာဆီမြှုပ်အောင်ထည့်ပြီး

ထားလဲအရသာမပြောင်းပါဘူး။

ထမင်းမြိန်စေတာလဲအမှန်ပါပဲနော်။

အရေးကြီးတာလေးတခုကျန်ခဲ့တယ် ငပိဖုတ်ထားတာကိုအပူအတိုင်းထည့်ထောင်းရင်ရှောက်သီးကခါး သွားတတ်ပါတယ်

ဒါ့ကြောင့်ငပိမီးဖုတ်ထားတာလုံးဝအေးသွားမှထောင်းပါရှင်

Credit: Facebook Share

Ingredients

Directions