သုံးထပ်သား မုန်ညှင်းချဉ်ကြော်

ဝက်သားသုံးထပ်သားနှင့် မုန်ညှင်းချဉ်ပေါင်းကို အရင်တခါကတင်ဖူးပါတယ်။ အခုကတော့ ရိုးရိုးလေးပဲကြော်စားတဲ့နည်းလေးပါ။ ဝက်သားသုံးထပ်သားမဟုတ်ပဲ အခြားကြက်သား၊ အသားချည်းဝက်သားတို့နှင့်လဲ ကြော်စားနိုင်ပါတယ်။ ဝက်သားမုန်ညှင်းချဉ်ကြော်ရင် ဟင်းချက်ဝိုင်လေးထည့်မှ အနံ့အရသာနှင့်ပြည့်စုံလို့ဟင်းချက်ဝိုင်ထည့်ပြီးချက်ကြည့်နော်။

1

ပါဝင်သောပစ္စည်းများ

၁။ ဝက်သား သုံးထပ်သား (သို့) အသားချည်း ဝက်သား (သို့) အသားချည်း ကြက်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်

၂။ မုန်ညှင်းချဉ် (သို့) ရှမ်းချဉ် - ၁၀ သား (အချဉ်နှင့် အချို၂ မျိုးထဲမှ အချဉ်ကိုသုံးပါ။)

၃။ ကြက်သွန်ဖြူ - ၂ တက်

၄။ ဂျင်း - လက်တဆစ်

၅။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

၆။ ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း

၇။ ဟင်းချက်ဆန်ဝိုင် (cooking rice wine) - ထမင်းစားဇွန်း ၂ ဇွန်း

၈။ ကြာညို့(ပဲငံပြာရည်အပျစ်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၉။ ငရုတ်သီးစိမ်း - ၃ တောင့်

၁၀။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း

(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ ဝက်သား သုံးထပ်သားကို ပါးပါးသေးသေးလေးတွေလှီးထားပါ။ (အသားချည်းဝက်သား (သို့) ကြက်သားကို အသုံးပြုလျှင် အတုံးအသေးလေးတွေတုံးထားပါ။) ဂျင်းကို အချောင်းလိုက်လေးတွေလှီးထားပါ။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။

၂။ ဇလုံတခုထဲကို ပါးပါးလှီးထားသော အသား၊ အချောင်းလိုက်လှီးထားသော ဂျင်း၊ သကြား၊ ပဲငံပြာရည်၊ ဟင်းချက်ဆန်ဝိုင်၊ ကြာညို့(ပဲငံပြာရည်အပျစ်) တို့ကိုထည့်ရျ် အနည်းဆုံး နာရီဝက်ခန့်နှပ်ထားပါ။

၃။ နာရီဝက်ခန့်နှပ်ပြီးလျှင် ဒယ်အိုးတခုထဲကို ဆီထည့်ရျ် အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူဆီသတ်ပါ။

၄။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် အသားကို ထည့်ကြော်ပါ။ ပြီးလျှင် ရေကို ဝက်သားမြုပ်ရုံ ထည့်ရ်ျ ဝက်ခေါက်များနူးလာသည်အထိတည်ပါ။ (အသားချည်း ကြက်သား (သို့) ဝက်သားကို အသုံးပြုလျှင် ရေထည့်စရာမလိုပါ။)

၅။ ရေခမ်းခါနီးတွင် မုန်ညှင်းချဉ်ထည့်ကြော်ပါ။ ထို့နောက် ငရုတ်သီးစိမ်းထည့်ပါ။ ဆီထွက်လာပြီးခြောက်ခြောက်ကလေးဖြစ်လာလျှင် မီးဖိုပေါ်မှချပါ။

၆။ အရသာရှိရှိ ဝက်သုံးထပ်သား မုန်ညှင်းချဉ်ကြော်ကို သုံးဆောင်နိုင်ပါပြီ

Credit : Ei San"s Homemade Inspiration (Facebook Share)

Ingredients

Directions