သီးစုံဘဲဥငါးခြောက်ရိုးဟင်း

သီးစုံဘဲဥငါးခြောက်ရိုးဟင်း...

1

ဘဲဥ ၆လုံး

အသားထူငါးခြောက်ရိုး ၁၅ကျပ်သားခန့်

အာလူးအရွယ်တော် ၄လုံး

ခရမ်းသီးအရွယ်တော် ၂လုံး

ရုံးပတီသီး ၈တောင့်

ဆီ ၁၀ကျပ်သားခန့်

ကြက်သွန်နီကြီးကြီး ၁လုံး

ကြက်သွန်ဖြူ ဥကြီး ၄မွှာ

မန်ကျည်သီးမှည့် ကွမ်းသီးလုံးခန့်

ငံပြာရည် ဟင်းခပ်ဇွန်းကြီး ၁ဇွန်းလျော့လျော့

ငရုတ်သီးအရောင်တင်မှုန့် လ္ဘက်ဇွန်း ၁ဇွန်းခွဲ

နနွင်းမှုန့် အနည်းငယ်

မဆလာမွှေး အနည်းငယ်

အချိုမှုန့် ဆား လိုအပ်သလိုချိန်ဆထည့်ပါ

အရင်ဆုံးငါးခြောက်ရိုးကို အနေတော်တုံးပြီး ရေနဲ့နှစ်ခါသုံးခါလောက်ဆေးပြီးမှ ရေထဲပြန်စိမ်ထားပါ

ပြုတ်ထားတဲ့ဘဲဥကို အခွံနွှာပြီး ခြမ်းထားပါ

(ဓါးနဲ့မခြမ်းပဲ အပ်ချည်ကြို းလေးသုံးပီးခြမ်းတာက တိတိရိရိနဲ့အမြင်ပိုလှပါတယ် )

အာလူး ခရမ်းသီး ရုံးပတီသီးတို့ကို မကြီးမသေးအနေ နှစ်သက်တဲ့ပုံတုံးထားပါ (ရုံးပတီသီးကို ရေဆေးပြီးမှလှီးပါနော် လှီးပြီးမှရေနဲ့ထိရင် ချွဲသွားလို့ပါ )

ကြက်သွန်ဖြူ နီ နုတ်နုတ်စင်းထားပါ (သို့)ထောင်းထားပါ မန်ကျည်းသီးမှည့်ကိုရေစိမ်ထားပါ

ဆီအိုးတည်ပါ အတော်ပူလာရင် ကြက်သွန်ဖြူ နီ ဆီသတ်ပါ ဝါရောင်သန်းလာရင် နနွင်းမှုန့်နဲ့ငရုတ်သီးမှုန့်ထည့်ပါ

ငရုတ်သီးစိမ်းနံ့ပျောက်ရင် မဆလာမွှေးထည့်ပါ ငံပြာရည်ထည့်ပါ ငါးခြောက်ရိုးနဲ့အာလူးထည့်ပါ

ရေနွေးကို ငါးခြောက်ရိုး အာလူးမြုပ်ရုံထက် အနည်းငယ်ပိုထည့်ပါ အချိုမှုန့် ဆားလိုသလောက်ထည့်ပါ

(ငါးခြောက်ရုးိက အငန်ဓါတ်ထွက်လာအုံးမှာမို့ ဆားလျော့ထည့်ပါ) အိုးအဖုံးပိတ်ပြီး အာလူးနဲ့ငါးခြောက်နူးတဲ့ထိတည်ပါ

ပြီးရင် ခရမ်းသီးထည့်ပါ ခရမ်းသီးကျက်ပြီဆို ဘဲဥနဲ့ရုံးပတီသီးထည့်ပါ ပြီးမှမန်ကျည်းရည်ကို ကိုယ်နှစ်သက်တဲ့အချဉ်အရသာအနေတော်ရအောင်ချိန်ထည့်ပါ အပေါ့အငန်အရသာထပ်မြည်းပြီး လိုအပ်ရင်ထည့်ပါ

မန်ကျည်းရည်ကျက်အောင ၅မိနစ်လောက်ဆူအောင်တည်ပြီးရင် ငါးခြောက်နံ့မွှေးမွှေးလေးနဲ့ဘဲဥသီးစုံဟင်းတစ်ခွက်ရပါပြီ

(ဘဲဥထည့်ပြီးတဲ့ခါ ဟင်းကိုအကြာကြီးတည်ထားမိရင် ဘဲဥနှစ်တွေ ဟင်းထဲပျော်ထွက်လာပြီး ပျစ်ခဲခဲကြီးနဲ့ဟင်းမလှဘဲဖြစ်သွားတတ်တာမို့ သတိထားပေးပါရှင်)

Credit ရွှေမြိုင်သူရဲ့ ရွှေလက်ရာ (Facebook Share)

Ingredients

Directions