ဗုံလုံသီး ဝက်သားအစာသွပ်

ဗုံလုံသီး ဝက်သားအစာသွပ်..

1

ဗုံလုံသီးများကို အပေါ်ယံအနည်းငယ်ခြစ်ပြီး၊ကြိုက်နှစ်သက်သလို အပိုင်းလေးများ ပိုင်း၍ အတွင်းမှအစေ့များကို ဇွန်းဖင်ဖြင့် ကလော်ထုတ်ကာ ဗုံလုံသီးများကို ရေစင်အောင်ဆေးထားပါ။

အစာသွပ်မည့် ဝက်သားများကို နုတ်နုတ်ဆင်းထားပါ။

ဂျင်း၊ ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်း၍ နနွင်းမှုန့် အနည်းငယ်တို့ဖြင့်ဆီသတ်ပါ။

ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက ငရုတ်သီးအရောင်တင်မှုန့်အနည်းငယ်ထည့်ပြီး၊ နုတ်နုတ်ဆင်းထားသော ဝက်သားများကိုထည့်ကာ မပြတ်မွှေပေးပါ။

ဆီပြန်ပြီး ခြောက်ခြောက်လေးဖြစ်လာလျှင် မီးဖိုပေါ်မှချ၍ ဗုံလုံသီးများ အတွင်းသို့ ဆီသတ်ထားသော ဝက်သားများကို အစာသွပ်ပေးပါ။

ပြီးလျှင်အိုးတလုံးထဲတွင် ဆီအနည်းငယ်ထည့်ကာ နနွင်းမှုန့်၊ငရုတ်အရောင်တင်မှုန့်၊ ကြက်သွန်နီနှင့်ကြက်သွန်ဖြူ အနည်းငယ်တို့ဖြင့် ဆီသတ်၍ ဆား၊အသားမှုန့်နှင့် အစာသွပ်ထားသော ဗုံလုံသီးများကိုထည့်ပါ။ရေမမြုတ်တမြုတ်ထည့်ကာ အသာမွှေ၍ အိုးဖုံး ပြီးတည်ထားပါ။

ဗုံလုံသီးများနူးလာပြီးဆီပြန်လာပါက အပေါ့အငံမြည်း၍ ချိုမွှေးပြီးအရသာရှိသော ဗုံလုံသီး ဝက်သားအစာသွပ်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

Credit : ဒေါ်ပုလက်ရာ (Facebook Share)

Ingredients

Directions