ငရုတ်ပွ အစာသွပ်

ငရုတ်ပွ အစာသွပ်...

1

ငရုတ်ပွများကို ပုစွန်ခြောက်နှင့် အစာသွပ်ပြီးနှပ်ထားတာပါ။

ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုတ်သီးခြောက်နှင့် ပုစွန်ခြောက်တို့ကို ရောထောင်း၍ နနွင်းမှုန့်၊ဆား၊ငပိအနည်းငယ်တို့ဖြင့်ဆီသတ်ထားပါ။

ငရုတ်ပွများကို ရေဆေးပြီး အပေါ်ပိုင်းအညှာကိုလှီးထုတ်၍ ဆီသတ်ထားသောအစာများကို သွပ်ပါ။

အိုးတလုံးထဲတွင် ဆီအနည်းငယ်ထည့်ပြီး နနွင်းမှုန့်၊ငရုတ်အရောင်တင်မှုန့်၊ ကြက်သွန်နီနှင့်ကြက်သွန်ဖြူ အနည်းငယ်တို့ဖြင့် ဆီသတ်၍ အစာသွပ်ထားသော ငရုတ်ပွများကိုထည့်ပါ။

ရေအနည်းငယ်ထည့်၍ အိုးဖုံး ပြီးတည်ထားပါ။

အရည်များပွက်ပွက်ဆူလာပြီး ငရုတ်ပွများနွမ်းလာ၍ ဆီပြန်လာလျှင် အပေါ့အငံမြည်းကာ ချိုမွှေးပြီး အရသာ ကောင်းမွန်သော ငရုတ်ပွ အစာသွပ်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

(ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်ရှင်)

Credit : ဒေါ်ပုလက်ရာ (Facebook Share)

Ingredients

Directions