ဝက်သားနှင့်မျှစ်ချဉ်

ဝက်သားနှင့်မျှစ်ချဉ်..

1

ဝက်သားကို ရေဆေးပြီး ကြိုက်နှစ်သက်သလို အတုံးလေးတွေတုံးပါ။

ပြီးလျှင် ဆား၊ငံပြာရည် (သို့) စိမ်းစားငါးပိ၊နနွင်း အနည်းငယ်စီတို့ဖြင့် ရောနယ်ကာနာရီဝက်ခန့်နှပ်ထားပါ။

ပြီးနောက်ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့် ငရုတ်သီးခြောက်တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက နှပ်ထားသော ဝက်သားများကိုထည့်မွှေ၍ အိုးမကပ်အောင်မပြတ်မွှေကာ ဆီပြန်လာသည်အထိ မွှေပေးပါ။

ပွက်ပွက်ဆူလာလျှင် ရေမြုပ်အောင်ထည့်၍ တည်ထားပါ။မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။

ရေများ ပွက်ပွက်ဆူလာကာ ရေခမ်းပြီး ဆီပြန်လာလျှင် အနေတော်အရွယ် လှီးထားသော မျှစ်ချဉ်များကို ထည့်ပြီးမွှေပေးပါ။

မျှစ်ချဉ်အရည်လည်းအနည်းငယ် ထည့်ပေးပြီး အသားနှင့် မျှစ်ချဉ် နူးအောင် တည်ထားပေးပါ။

အရည်များ ပွက်ပွက်ဆူလာလျှင် အသားနူးမနူးမြည်းကြည့်ပြီး မနူးသေးပါက ရေအနည်းငယ်ထည့် ပြီး နူးအောင်ထပ်တည်ထားပါ။

အသားနှင့် မျှစ်ချဉ်များနူးပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကာ အရသာကောင်းမွန်သော ဝက်သားနှင့်မျှစ်ချဉ်ဟင်းကို ငပိထောင်းနှင့် တွဲဖက်၍ သုံးဆောင်လျှင် အလွန်လိုက်ဖက်ပါတယ်။

ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်ရှင်။

Credit : ဒေါ်ပုလက်ရာ (Facebook Share)

Ingredients

Directions