ကဏန်းဟင်း

ကဏန်းဟင်း

1

ကဏန်းတွင် ပါသည့် ပါးဟပ်များကို ဖယ်ထုတ်ပြီး ရေစင်အောင်ဆေး၍ နှစ်ပိုင်းပိုင်းကာ ကဏန်းလက်မများကို ခွါစားရလွယ်အောင် အသာထုပေးပါ။

ကဏန်းများကို ဆား၊ပုစွန်ငံပြာရည်အချို ၊နနွင်း အနည်းငယ် တို့ဖြင့် နှံ့အောင်နယ်ထားပါ။

မကျီးသီးမှည့် အနည်းငယ်ကို ရေစိမ်ထားပေးပါ။ရေစိမ်ထားသော ငရုတ်သီးခြောက်နှင့် ကြက်သွန်နီကို ညက်အောင်ထောင်းပြီး နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်များကျက်လာပြီး ရွှေရောင်သမ်းလာလျှင် မဆလာအနည်းငယ်ကိုထည့်၍ မွှေပြီး နယ်ထားသော ကဏန်းများကိုပါထည့်ကာမွှေပေးပါ။

ကြက်သွန်ဆီသတ်များနှင့် ကဏန်းများကိုနှံ့အောင်မွှေပြီးလျှင် စိမ်ထားသော မကျီးသီးမှည့်အရည်ကို အဖတ်များမပါအောင်စစ်ပြီး ထည့်ပေးပါ။

ကဏန်းများမြုတ်အောင် ရေထည့်ပြီး တည်ထားပါ။ ကဏန်းအသားများ ကျက်ပြီး ဆီပြန်ကာ ရေများပွက်ပွက်ဆူလာလျှင် အပေါ့အငံမြည်း၍ မဆလာအနံ့ မွှေးပျံ့ကာ ချက်ရတာလွယ်ကူပြီး အရသာကောင်းမွန်သော ကဏန်းဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

(ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်)

Credit : ဒေါ်ပုလက်ရာ (Facebook Share)

Ingredients

Directions