ငါးတန်အချဉ်ဆီပြန်

ငါးတန်အချဉ်ဆီပြန်...

1

ငါးတန် အကောင်ကို ပါးဟပ်၊အူအညစ်အကြေးများထုတ်ပြီး ရေစင်ကြယ်အောင်ဆေး၍ ကြိုက်နှစ်သက်သလို အကွင်းလေးတွေ တုံးပါ။

ဆား၊ငံပြာရည်၊နနွင်းမှုန့် အနည်းငယ်စီ တို့ဖြင့် နယ်ကာနာရီဝက်ခန့်နှပ်ထားပါ။

မကျီးသီးမှည့် အနည်းငယ်ကို ရေစိမ်ထားပါ။ ရေစိမ်ထားသော ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း တို့ကို ညက်အောင်ထောင်းပြီး အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်ကြော်များ ရွှေရောင်သမ်းလာပြီး မွှေးလာပါက ငရုတ်သီးအရောင်တင်မှုန့် နှင့်မဆလာ အနည်းငယ် ထည့်ပြီးမွှေပေးပါ။

ပြီးလျှင် နယ်ပြီးနှပ်ထားသော ငါးများကို ထည့်ကာ အသာမွှေပြီး ဟိုဘက် ဒီဘက်လှန်ပေးပါ။

ငါးအသားရောင်ပြောင်းပြီး အသားများတင်းတင်းလး ဖြစ်လာပြီဆိုလျှင် စိမ်ထားသောမကျည်းသီးမှည့်အရည်ကို အဖတ်များမပါအောင်စစ်ပြီး ထည့်၍ ရေအနည်းငယ်ပါထပ်ထည့်ကာ ရေများပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။

ရေများပွက်ပွက်ဆူလာပြီး ဆီပြန်လာလျှင် အပေါ့ အငံ အချဉ် မြည်းကာ နံနံပင်နှင့် ငရုတ်သီးစိမ်းများအုပ်ကာ အရသာကောင်းမွန်သော ငါးတန်အချဉ်ဆီပြန်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

(ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်)

Credit : ဒေါ်ပုလက်ရာ (Facebook Share)

Ingredients

Directions